Thursday, June 23, 2011

အကြမ်းမဖက်နည်းလမ်းကို ဒေါ်အောင်ဆန်းစုကြည် စွန့်လွှတ်ဖွယ်ရှိ


ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် အကြမ်းမဖက် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဒီမိုကရေစီရေးလှုပ်ရှား ကိုအပြောင်းအလဲပြုလုပ်နိုင်ကြောင်း မကြားသေးမီကပြောကြားခဲ့သော စကားများအရ အရိပ်အမြွက်တွေ့ရှိရသည်။ 

လန်ဒန်ဘီဘီစီ စတူဒီယိုတွင် သူမ၏ပြောကြားချက်များကို နားထောင်နေသောသူများကို တနင်္လာနေ့မွန်းလွဲပိုင်းက ရန်ကုန်မှနေ၍ ဒေါ်အောင်ဆန်းစုကြည်က စကားပြောကြားခဲ့သည်။ 

မေးခွန်းတစ်ခုကိုဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးမငြိမ်သက်မှုများအတွင်း နယ်လ်ဆင်မင်ဒဲလား၏ အနေအထားကို ထောက်ပြဖြေဆိုခဲ့သည်။ ထို့နောက် သူမအနေနှင့် အကြမ်းမဖက်နည်းလမ်းကို စွန့်လွှတ်ကောင်းစွန့်လွှတ်နိုင် ကြောင်းပြောကြားခဲ့သည်။ 

သူမ၏ အကြမ်းမဖက်နည်းလမ်းနှင့်ပတ်သက်၍ အမြင်သစ်ကိုပြောကြားရာတွင် ငြိမ်းချမ်းရေးဖခင်ဖြစ်သော မဟတ္တမဂန္ဓီ၏ “သူရဲဘောကြောင်ခြင်းနှင့် အကြမ်းဖက်ခြင်း” နည်းလမ်းနှစ်ခုသာရှိမည်ဆိုလျှင် အကြမ်းဖက်ခြင်းကိုသာရွေးချယ်မည်ဟု ဆိုသော အဆိုကို ထောက်ပြပြောဆိုခဲ့သည်။

ယင်းဟောပြောချက်များကို ဘီဘီစီတွင် အသံဖမ်းထားခဲ့ပြီး ပထမဟောပြောချက်ကို သီးသန့်အုပ်စုတစ်စုက နားထောင်ပြီးဖြစ်သည်။ ထို့နောက် ဇွန်၂၈ရက်နေ့တွင် အများပြည်သူ နားဆင်နိုင်ရန် ထုတ်လွှင့်မည် ဖြစ်သည်။ 

အာရပ်ကမ္ဘာတွင် အင်တာနက်ကို သုံးစွဲနိုင်မှု အားသာချက်ကြောင့် လူထုလှုပ်ရှားမှုများ အထမြောက် အောင်မြင်ခဲ့သော်လည်း မြန်မာပြည်တွင်မူ အလားတူ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။ 

အာရပ်ကမ္ဘာဒီမိုကရေစီရေး အုံကြွမှုများကို မြန်မာလူမျိုးများ အားကျအတုယူခဲ့ကြသည်။ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်လိုစိတ် များကမ္ဘာတစ်ဝှမ်းလူများတွင် ကိန်းအောင်းလျက်ရှိသည်။ လွတ်လပ်မှုအတွက် စိတ်ဆန္ဒပြင်းပြမှုမှာ တူနီးရှားလူမျိုးများနှင့် မြန်လူ မျိုးများတွင်လည်းအတူတူပင်ဖြစ်သည်။

Source: BOC News

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။