Tuesday, June 28, 2011
ဂရိတွင် အထွေထွေသပိတ်ပေါ်ပေါက်
ဂရိတွင် ၄၈ နာရီကြာအထွေထွေသပိတ်ကြီး ယနေ့ဆင်နွှဲနေပြီဖြစ်သည်။ လုပ်ငန်းကြီးများဒေဝါလီခံရမည့်အရေးမှ ကယ်တင်နိုင်ရန် ငွေကြေးအထောက်အပံ့ပေးရေးအတွက် အစိုးရကပါလီမန်တွင် အခြေအတင်ဖြစ်နေမှုကို မကျေနပ်၍ဖြစ်သည်။
နိုင်ငံတကာတွင် စီးပွားရေးလုပ်ငန်းကြီးများကို ငွေကြေးထောက်ပံ့ရေးအစီအစဉ်များဆောင်ရွက်ပေးနေပြီး ဂရိတွင်လည်းထိုသို့ လုပ်ဆောင်ရန် ပါလီမန်တွင် ဆွေးနွေးနေကြသောကြောင့် လူထုမကျေမနပ်ဖြစ်ကာ အင်္ဂါနေ့ ဆန္ဒပြမှုများဖြင့်တုံ့ပြန်ခဲ့ကြရာ ကတည်းက အစိုးရလုပ်ငန်း အတော်များများရပ်တန့်သွားအောင်ရည်ရွယ်၍ အထွေထွေသပိတ်ကို ဆင်နွှဲကြခြင်းဖြစ်သည်။
ယခုအထွေထွေသပိတ်ကို သမဂ္ဂများက ဦးဆောင်လှုံ့ဆော်ဆင်နွဲခြင်းဖြစ်သည်။ ယူရိုငွေ ၂၈ ဘီလီယံ (ဒေါ်လာ ၄၀ ဘီလီယံ) ဖြတ်တောက်မည့် အစီအစဉ်ကြောင့် လုပ်အားခအနိမ့်ဆုံးရရှိသူများနှင့် ဆင်းရဲသားများအပေါ်အခွန်ဝန်ထုပ်ဝန်ပိုးပိစေမည် ဖြစ်ပြီး ယခင် ပထမအကြိမ်ဖြတ်တောက်မှုတွင်လည်း ထိုသူများခံခဲ့ရပြီးဖြစ်သည်။
“ဒီလိုလုပ်ဆောင်ချက်တွေဟာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို သတ်ပစ်တာနဲ့ အတူတူပဲ။ အလုပ်သမားတွေ အတွက်တော့ ငရဲတမျှခံစားရပါတယ်။” အင်္ဂါနေ့ ဆန္ဒပြပွဲကို ဦးဆောင်သည့် ဂရိကွန်မြူနစ်ပါတီအမတ် သန္နစစ်ပက်ဖလစ် က ပြောသည်။
“အထွေထွေသပိတ်ကြောင့် ယန္တယားအားလုံးရပ်တန့်သွားပါလိမ့်မယ်။”
အယ်လ်ဂျာဇီယာသတင်းထောက် ဘာနက်ဘီဖိလစ်က မြို့တော်အေသင်မှ သတင်းပေးပို့ခဲ့ရာ အေသင်အနီး ကမ္ဘာလှည့် ခရီးသွားများနှင့် ဂရိလူမျိုးများတိုင်းပြည်တွင်း ကျွန်းများသို့သွားရောက်လည်ပတ်လေ့ရှိရာ ပိုင်ရာယပ်စ်ဆိပ်ကမ်းတွင် အထွေထွေသပိတ်ကြောင့် ဒုက္ခရောက် လျက်ရှိကြောင်းဆိုသည်။
“ခရီးသွားလုပ်ငန်းကိုတော့ အကြီးအကျယ်ထိခိုက်နေပါတယ်။ ၁၉၇၀ ခုနှစ်များအလယ် ဂရိမှာစစ်အုပ်ချုပ်ရေး အဆုံးသတ်သွားပြီးကတည်းက ခုတစ်ကြိမ်ဟာ အထွေထွေသပိတ်ဆင်နွှဲတာ ပထမဆုံးအကြိမ်ပါပဲ။”
Source: Al Jazeera and agencies
0 comments:
Post a Comment