Wednesday, June 29, 2011

အီဂျစ်တွင် ဆန္ဒပြသူများနှင့် ရဲများ ပြဿနာဖြစ်



အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် တဟာရာ ရင်ပြင်တွင် ဆန္ဒပြသူ ၅,၀၀၀ ကျော်နှင့် အီဂျစ်ရဲများကြား ပဋိပက္ခများကြောင့် လူ(၂၀၀)ကျာ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မျက်မြင် သက်သေများနှင့် ဆေးဘက်ဆိုင်ရာ တာဝန်ခံများက ပြောကြားသည်။

အီဂျစ်သမ္မတ မူဘာရက်ကို ဆန္ဒပြဖြုတ်ချခဲ့သော တဟာရာ ရင်ပြင်တွင် ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်များ အပြည့်အစုံ တပ်ဆင်ထားသော ရဲများဖြင့် ဝိုင်းဝန်း ပိတ်ဆို့ထားခဲ့ကြကာ ဆန္ဒပြသူများ ပြန်လည် ထွက်ခွါသွားစေရန် အားထုတ်ခဲ့ကြသည်။

အင်္ဂါနေ့က အစိုးရပိုင် ရုပ်သံလွှင့် အဆောက်အဦ အတွင်း ဝင်ရောက် ဆန္ဒပြကြပြီး ပြန်လည်ထွက်ခွါရန် ငြင်းဆန်သူများကို ရှင်းလင်းရန် ကြိုးစားရာမှစကာ ဆန္ဒပြသူများနှင့် ရဲများ ပြဿနာ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြသူများထဲတွင် နှစ်ဆန်းပိုင်း ဆန္ဒပြပွဲများတွင် သေဆုံးခဲ့ရသော သူများ၏ မိသားစုဝင်များ ပါဝင်ကြကြောင်း အီဂျစ်သတင်း ၀က်ဆိုက်ဖြစ်သော Daily News တွင် ဖေါ်ပြထားသည်။

အောက်မေ့သတိရခြင်း အခမ်းအနား ကျင်းပနေသည့် သေဆုံးခဲ့ရသူများ၏ မိသားစုများ ရှိနေသည့် အက်ဂူဇာရှိ ဘောလုံးပြဇါတ်ရုံသို့ ရဲများ ရောက်ရှိလာပြီး တိုက်ခိုက်ခဲ့ကြကြောင်း မျက်မြင် သက်သေများက ဆိုသည်။ 

သေဆုံးသွားသူများကို သူရဲကောင်းများအဖြစ် သတ်မှတ်ကြောင်း ကျန်ရစ်သူ မိသားစုများက ပြောဆိုကြပြီးအောက်မေ့ သတိရဖွယ် အခမ်းအနားကျင်းပရန် ပြဇါတ်ရုံအတွင်းသို့ ချိုးဖျက် ဝင်ရောက်ခဲ့ကြကြောင်း ပြည်ထဲရေး ဝန်ကြီးက ဆိုသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။