Thursday, June 30, 2011

လစ်ဗျားသူပုန်များကို လေကြောင်းမှ လက်နက်များ ချပေးခဲ့ကြောင်း ပြင်သစ်ဝန်ခံ



လစ်ဗျားအနောက်ပိုင်း ကဒါဖီကို ပုန်ကန်သူများသိမ်းပိုက်ထားရာ ဒေသများသို့ ယခုလအစောပိုင်းက လက်နက်ခဲယမ်းများ ဝေဟင်မှပစ်ချအကူအညီ ပေးခဲ့ကြောင်း ပြင်သစ်က အတည်ပြုပြောကြားလိုက်သည်။
ပြင်သစ်စစ်တပ်မှ ချေမှုန်းရေးရိုင်ဖယ်များ၊ စက်သေနတ်များ၊ RPG လောင်ချာများ ကိုလက်နက်မဲ့အရပ်သားများအန္တရာယ်မှ ကာကွယ်နိုင်ရန် လေကြောင်းမှ ချပေးခဲ့ကြေင်း ပြင်သစ် စစ်ဆင်ရေးအကြံပေးအဖွဲ့၏ ပြောခွင့်ရ ကာနယ် သီရာရီဘာ့ဟဒ်က အယ်လ်ဂျာဇီယာသို့ပြောကြားခဲ့သည်။
ပြင်သစ် လယ်ဖီဂါရိုသတင်းနှင့် AFP သတင်းတို့မှလည်း ပြင်သစ်မှ တင့်ဖျက်ဒုံးများနှင့် လက်နက်တပ်ဆင်ထားသောယာဉ် အပေါ့စားများအပါအဝင် လက်နက်တန်ပေါင်းများစွာ ချပေးခဲ့ကြောင်းဆိုသည်။
ထရီပိုလီတောင်ဘက် ၁၀၀ ကီလိုမီတာအကွာရှိ အရှေ့-အနောက်သွယ်တန်းနေသော နာဖူဆာတောင်များကြားရှိ သူပုန်တို့ သိမ်းပိုက်ထားရာ မြို့များသို့လက်နက်များကို လေကြောင်းမှ ချပေးခဲ့ကြောင်းလည်းဆိုသည်။
ပြင်သစ်က ယခုလိုဝန်ခံပြောကြားခဲ့ခြင်းအပေါ် အာဖရိကယူနီယံမှ ပြင်းထန်စွာဝေဖန်ခဲ့သည်။
“ကျွန်တော်တို့စိတ်ပူတာက ဒီလက်နက်တွေကို ဘယ်သူက ပေးသလဲဆိုတာကိုမဟုတ်ဘူး။ နိုင်ငံတကာအဖွဲ့အစည်း ပေါင်းစုံကလက်နက်တွေ အဖွဲ့ပေါင်းစုံဆီကိုရောက်နေတာပဲ။ ဒီလက်နက်တွေ အယ်လ်ကေဒါတွေလက်ထဲမှာလည်း တွေ့ရတယ်။ လက်နက်မှောင်ခိုလုပ်တဲ့လူတွေဆီမှာလည်းတွေ့နေရတယ်ဆိုတာ ကျွန်တော်တို့ သက်သေပြလို့ရတယ်။” အာဖရိကသမဂ္ဂဆိုင်ရာမဟာဝန်ရှင်တော်မင်းကြီး ဂျင်းပင်ကပြောသည်။
“ဒီလက်နက်တွေကြောင့် အာဖရိကနိုင်ငံတွေကို မတည်မငြိမ်ဖြစ်အောင်လုပ်နေတယ်။”

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။