ထိုင်းနိုင်ငံရေး သမားများသည် ထိုင်းကျောင်းသားများ ပညာရေး ကျဆင်းလာမှုနှင့် ပတ်သက်၍ နပန်းလုံး နေချိန်ဖြစ်သည်။
စာသင်ခန်းများ လူပြည့်ကျပ်နေခြင်း၊ သင်ကြား သင်ယူမှုစနစ် ခေတ်နောက်ကျခြင်း၊ ဆရာများ ထီထွင် ဖန်တီးနိုင်မှုနှင့် ဖြတ်ထိုးဥာဏ် မရှိခြင်းတို့ဖြင့် ကျောင်းသားများ အခက် ကြုံတွေ့နေကြရသည်။
တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် အထွေထွေ ရွှေးကောက်ပွဲအတွက် ယခုလက်ရှိ ပြဿနားအား ဖြေရှင်းရန် အဓိက နိုင်ငံရေးပါတီ နှစ်ခု၏ လုပ်ဆောင်ချက် အမြင်များက အဓိကနေရာတွင် ပါဝင်လျက်ရှိသည်။
ယခု ပညာရေး အခြေအနေအား ကာလရှည်ကြာ ဖြေရှင်းရန် တင်ပြသောသူမှာ ရွေးကောက်ပွ အနိုင်ရသူ မဖြစ်နိုင်ပဲ အများစုမှာ နိုင်ငံရေး ပြဿနာ များကိုသာလျှင် အဓိကထား ဖြေရှင်းရန် လိုလားကြသည်။
ယခု ရွေးကောက်ပွဲတွင် စိုးမိုးနေသော ဒီမိုကရက်စ် ပါတီက ယခုလက်ရှိ ကမ်းလှမ်းချက်များကို ဖြေရှင်းရန် အမေရိကန်ဒေါ်လာ ၁၂ဘီလီယံအား သုံးစွဲများမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ သို့သော် အခြား အဓိက နိုင်ငံရေးပါတီတစ်ခုဖြစ်သော ဗြူရိယာ ပါတီက ကျောင်းသားတစ်ဦးလျှင် ကွန်ပြူတာ တစ်လုံးစီ ပေးမည်ဖြစ်ကြောင်း ကြေငြာခဲ့ခြင်း ဖြစ်သည်။
ကျွမ်းကျင်သူများ၏ အဆိုအရ ထိုင်းနိုင်ငံသည် အရည်အသွေးမီ ပညာရေးစနစ်မရှိပါက နိုင်ငံ၏ အနာဂတ်မှာ ရင်လေးစရာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဘန်ကောက်ရှိ ယခုသတင်းအား အယ်လ်ဂျားဇီးယား သတင်းထောက် ဝိန်ဟေက ပေးပို့ခဲ့ခြင်းဖြစ်သည်။
Source; Aljazeera
ဘန်ကောက်ရှိ ယခုသတင်းအား အယ်လ်ဂျားဇီးယား သတင်းထောက် ဝိန်ဟေက ပေးပို့ခဲ့ခြင်းဖြစ်သည်။
Source; Aljazeera
0 comments:
Post a Comment