
ပါကစ္စတန် စစ်သွေးကြွ များအား စတင်တိုက်ခိုက်ခဲ့စဉ်က နိုင်ငံ၏ အနောက်တောင်ဘက်တွင် အမေရိကန်၏ အကူအညီဖြင့် အသုံးပြုနေသော drone (မောင်းသူမဲ့ အဝေးထိန်း လေယာဉ်) လေကြောင်း ဌာနအား ပါကစ္စတန် နိုင်ငံ့ကာကွယ်ရေး ၀န်ကြီး အဆိုအရ ရပ်နားလိုက်ပြီ ဖြစ်သည်။
"အမေရိကန် အရာရှိတစ်ဦးက ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် ဘာလူချစ်စတန် ခရိုင်တွင်ရှိ ရှန်စီဒေသရှိ drone (မောင်းသူမဲ့ အဝေးထိန်း လေယာဉ်) ရုံးချုပ်ကို နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ကြောင်း" အယ်ဂျာလ်ဇီးယား ဒေသခံ သတင်းထောက် တစ်ဦးဖြစ်သော အာမက် မက်ခ်ထာက သတင်းပေးပို့ခဲ့သည်။
ဗြိတိန်နိုင်ငံမှ ဖန်နစ်ရှယ်တိုင်းမ်(စ်) သတင်းဌာမှ ကိုးကားချက်အရ မက်ခ်ထာက ပါကစ္စတန်က အမေရိကန်၏ လေကြောင်း အကူအညီများအား ရပ်တန့်လိုက်ပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ၄င်းလေတပ်သည် ပါကစ္စစတန်အတွက် အကူအညီပေးရန် မဟုတ်ပဲ အာဖဂန် နယ်စပ်ရှိ အယ်လ်ကေဒါနှင့် တာလီဘန်များအား တိုက်ခိုက်ရန်သာ ပစ်မှတ်ထားနေကြောင်း တွေ့ရသောကြောင့် ဖြစ်သည်။
"အမေရိကန် လေကြောင်းဌာနက ရှန်စီမြို့ ထက် ပိုပြီး နေရာယူ ပျံသန်းခြင်း မရှိခဲ့ပါဘူး။ တကယ်လို့ အဲဒီမှာ လေယာဉ်ပျံတွေ ပျံသန်းနေတာကို တွေ့ခဲ့ရင်တောင် အဲဒီလေတပ်ဟာ ပါကစ္စတန် လေတပ်ပဲ ဖြစ်ပါတယ်။" ဟု မက်ခ်ထာက ပြောကြားခဲ့သည်။
အစ္စလာမ်ဘတ်မြို့ သည် ၄င်းတို့ ကိုယ်တိုင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရန် လက်နက်ကြီးများအား အသုံးပြု၍ အကြမ်းဖက်မှု တစ်ခုသဖွယ် သူသိရှင်ကြား ဆန့်ကျင်တိုက်ခိုက် လာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ၄င်း စစ်သွေးကြွ အုပ်စုသည် တာလီဘန်များနှင့် အယ်လ်ကေဒါ အဖွဲ့ဝင်များကို တပ်သားအင်အား အပါအဝင် အခြားလိုအပ်ချက် များကိုပါ အကူအညီပေးရန် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု သိရသည်။
အယ်လ်ဂျာဇီးယား သတင်းထောက် တစ်ဦးဖြစ်သော ကာမယ်ဟိုက်ဒါက "ရှန်စီ လေကြောင်း ဌာနကို အမေရိကန်တို့ကို ပေးခဲ့တာ ၁၉၉၇ ကနေ ၂၀၀၇ အထိ ပါကစ္စစတန် သမ္မတ ပါမက် မူရှာရက် လက်ထက်က ဖြစ်ပါတယ်" ဟု ဆိုသည်။
အမေရိကန် drone (မောင်းသူမဲ့ အဝေးထိန်း တိုက်ခိုက်ရေး လေယာဉ်) စစ်ဆင်ရေးသည် ပါကစ္စတန် တိုင်းရင်းသားဒေသ များကိုပါမကျန် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ၄င်းဖြစ်ရပ်သည် အစိုးရအား အမြတ်ဒေါသ ပိုမိုကြီးထွားစေခဲ့ပြီး ၄င်းမကျေနပ်မှုကိုလည်း အမြဲလိုလို ပြသခဲ့သည်။
နှစ်နိုင်ငံကြား သိသာလာတဲ့ ချည်နှောင်မှု တွေကတော့ ဇန်န၀ါရီလက ပါကစ္စတန်လူမျိုး နှစ်ဦးအား အမေရိကန် ထောက်လှမ်းရေး အဖွဲ့က သတ်ဖြတ်မှု၊ ပြီးတော့ ဘင်လာဒင်အား သတ်လိုက်သော အမေရိကန် လျို့ ဝှက် စစ်ဆင်ရေးသည် စည်းကမ်းဖောက်ဖျက်ရာ ကျကြောင်း ပါကစ္စတန် အရာရှိများက ပြောကြား ခဲ့ခြင်းတို့မှ အစပြုခဲ့ခြင်း ဖြစ်သည်။
ဘင်လာဒင်အား တိုက်ခိုက်ခဲ့သော ဖြစ်ရပ်သည် မျက်မှောက် အမေရိကန် စစ်တပ်အား မြေကြီးပေါ်ကို လွှင့်ပစ်ချင် လောက်အောင် စိတ်ပျက်စေသည့် အခြေအနေမျိုးထိ ရောက်အောင် ပါကစ္စတန်အား လှုံ့ဆော်မှု ပေးရာရာက်ကြောင်း ဟိုက်ဒါက ဆက်လက် ပြောကြားသွားခဲ့သည်။
ပါကစ္စတန် စစ်တပ်က နိုင်ငံအတွက် များစွာသော အမေရိကန် လက်နက်ကိုင် အရေအတွက်အား လျော့ချလိုက်ခြင်းနှင့် အမေရိကန် အကြံပေးအဖွဲ့အား ကန့်သက်ချက် ပြုလုပ်ခဲ့သည်။ ယင်းတုန့်ပြန်မှုသည် အမေရိကန် နိုင်ငံကဲ့သို့ ကြားနေနိုင်ငံ တစ်နိုင်ငံအတွက် ဒေါသဖြစ်စရာ ကိစ္စတစ်ခု ဖြစ်ကြောင်း ဆိုသည်။
ပါကစ္စတန်မှ အမေရိကန်၏ လေကြောင်း အကူအညီ အားလုံးကိုလည်း ပြန်လည် ရုတ်သိမ်းရန် ၀ါရှင်တန်သို့ တောင်းဆိုလိုက်ကြောင်း ပါကစ္စတန် အမည်မသိ ခေါင်းဆောင်တစ်ဦး၏ ပြောဆိုချက်ကို ဗြိတိန် ဖန်နစ်ရှယ်တိုင်းမ်(စ်) သတင်းစာမှ တိုက်ရိုက်ကိုးကား ဖော်ပြသွားခဲ့သည်။
၂၀၀၉ ခုနှစ်မှစ၍ အရာရှိများက ယင်းဌာနရှိ လေတပ်အား ဖယ်ရှားရန် တောင်းဆိုသော်လည်း လယာဉ်တစ်စီးမှ ဖယ်ရှားခဲ့ခြင်း မရှိသေးပေ။
အမေရိကန် လက်ရှိသမ္မတ အိုဘားမား သမ္မတရာထူး ရရှိချိန်မှစ၍ ၄င်းအမေရိကန် drone (မောင်းသူမဲ့ အဝေးထိန်း) လေတပ်သည် ပါကစ္စတန်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဘင်လာဒင်အား သတ်ဖြတ်ခဲ့သော ကိစ္စနှင့် ပတ်သက်၍ အမေရိကန် စစ်ကူများက ပါကစ္စတန်သည် ၄င်းအား ပုန်းအောင်းနေရန် အကူအညီပေးခဲ့သလော ဟူသည့် သံသယများ ထားရှိခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment