Tuesday, June 7, 2011

ယီမင်အတိုက်အခံများ၏ တောင်းဆိုချက်အား ငြင်းဆို



ယီမင် အတိုက်အခံ မဟာမိတ်အဖွဲ့များက နိုင်ငံရေး အသွင်ပြောင်းမှုတစ်ခုအား ၄င်းတို့၏ သမ္မတထံတွင် တောင်းခံလိုက်ပြီ ဖြစ်သည်။ သို့သော် လက်ရှိအာဏာရ အစိုးရအဖွဲ့များက သမ္မတ အလီအက်(ပ်)ဒူဆာလဲ ယီမင်သို့ မပြန်လာမချင်း ၄င်းနေရာတွင် အစားထိုးရန် ဆွေးနွေးညှိနှိုင်းမှု တစ်စုံတစ်ရာ ပြုလုပ်ရန် ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။

ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ joint meeting parties ခေါ် (JMP) အဖွဲ့က ယခုယာယီသမ္မတ အဒူရပ်ဘူမန်ဆော်ဟာဒီ နှင့် ဆွေးနွေးမှုတစ်ခု ပြုလုပ်ရန် လိုလိုလားလား ရှိကြောင်း အယ်လ်ဂျာဇီယာ သတင်းဌာနအား တနလာင်္နေ့က ပြောကြားသွားခဲ့သည်။

သမ္မတဆားလဲ ယခုအပတ်အစောပိုင်းအတွင်း ဆေးကုသမှုအားခံယူရန် ဆော်ဒီသို့မသွားမီ ဟာဒီသည် ယာယီအစိုးရအဖြစ် တာဝန်ပေးအပ်ခြင်းကို ခံခဲ့ရသည်။

ဆားလဲနှင့် နီးစပ်သူအဖွဲ့ဝင် တစ်ချို့ ကတော့ "ဆာလဲကို ဖြုတ်ချဖို့ (JMP) အဖွဲ့ရဲ့  တောင်းဆိုချက်ဟာ ရယ်စရာတစ်ခုပါ သူမလာမချင်း သူ့နေရာကို ဘယ်သူ့ကိုမှ အစားထိုးလို့မရပါဘူး။ သူဟာ ယီမင်ရဲ့  တည်ဆဲ သမ္မတတစ်ဦးပါ" ဟု ပြောဆိုခဲ့သည်။

သောကြာနေ့က ဖြစ်ပွားခဲ့သော စီးနင်းမှုတစ်ခုတွင် ဆားလဲဒဏ်ရာရရှိခဲ့သည်။ ဗုံးဆန်အစအနတစ်ခု ရင်ဘက်သို့ ထိမှန်သွားခဲ့ရာ မှ ဒဏ်ရာရရှိခဲ့ပြီး ယခုအခါ ခွဲစိတ်ကုသမှုတစ်ခုအား ပြုလုပ်နေကြောင်း ကိုယ်ခန္ဓာတစ်ခုလုံး၏ ၄၀%မှာလည်း မီးလောင်သွားခဲ့ကြောင်း သူကိုယ်တိုင် အစီရင်ခံ သတင်းပေးပို့ခဲ့သည်။

ယခုလက်ရှိ ယာယီအစိုးရ ဟာဒီက "ဆားလဲရဲ့ ကျန်းမာရေးဟာ အခုဆိုတော်တော်လေး တိုးတက်လာပါပြီ။ ရက်မကြာမီအတွင်းမှာပဲ သူအမိမြေကို ပြန်လာတော့မှာပါဟု" ပြောကြားသွားခဲ့သည်။

သို့သော်လည်း ဆော်ဒီ ဆေးဘက်ဆိုင်ရာများ၏ ပြောကြားချက်အရ "သူပြန်ကောင်းလာဖို့အတွက် အနည်းဆုံး (၂)ပတ်လောက် အချိန်ယူရမှာဖြစ်ပါတယ်။" ဟု ပြောကြားသွားခဲ့သည်။

ရုတ်ချဉ်းပြောင်းလဲမှုတစ်ခု

ဆားလ်၏ သားဖြစ်သူနှင့် များစွာသော တူများကတော့ ယီမင်မှာ ကျန်ရှိနေခဲ့ပြီး ထိရောက်ပြီး အင်းအားကြီးသော စစ်တပ်နှင့် အကြံပေးအရာရှိများကို ဆားလဲ၏အာဏာတည်မြဲရေးအတွက် ဆက်လက်တာဝန်ယူ စေခိုင်းလျက်ရှိသည်။

ဟာဒီကလည်း ယီမင်နိုင်ငံရေးအား ကြိုးစွဲထားသော နိုင်ငံရေးသမားတစ်ချို့ ကို ဆားလဲထွက်ခွာပြီးကတည်းက အကြောင်းပြချက် မျိုးစုံဖြင့် ဖမ်းဆီးခဲ့သည်။ ဟာဒီသည် ဆားလဲရဲ့ သား အစိုးရအဖွဲ့ထဲသို့ ရွှေ့ ပြောင်းသွားကြောင်း သတင်းထုတ်ပြန်အပြီး နိုင်ငံရဲ့ ကာကွယ်ရေး ဌာနမှာ တာဝန်ထမ်းဆောင်နေတုန်းပါပဲ ။သို့သော်လည်း သူ၏ လုပ်ပိုင်ခွင့်အာဏာ ဘယ်လောက်ကို ဆုတ်ကိုင်ထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။

အမေရိကန်နှင့် တစ်ခြား ဥရောပနိုင်ငံများကတော့ ဆာလဲ၏အာဏာအား အစိုးရသစ်ကို ပေးအပ်ရန် တောင်းဆိုလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က "ယီမင်ပြည်သူလူထုအတွက်တော့ ရုတ်ချည်းပြောင်းလဲမှု တစ်ခုဟာ စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်နေပါတယ်" ဟု တနင်္လာနေ့က ပြောကြားသွားခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ နိုင်ငံခြားရေး မူဝါဒခေါင်းဆောင် ကပ်(သ်)ရင်းအက်(ခ်ျ)တွန်က "သူဆော်ဒီတွင် ဆေးကုသမှုခံယူစဉ်အတွင်းမှာပဲ သူ့နိုင်ငံ အသွင်းကူးပြောင်းရေးကို ခွင့်ပြုလိမ့်မည် ထင်ကြောင်း"  ပြောကြားသွားခဲ့သည်။

ဇန်န၀ါရီလ နောက်ပိုင်း ဆူပူအုံကြွမှုတစ်ခုတွင် လူ (၄၅၀) မနည်း သတ်ဖြတ်ခဲ့သော ဖြစ်ရပ်သည် ၂၃သန်းသော ပြည်သူလူထုအား လှုပ်ခတ်လျက်ရှိသည်။

နှစ်ပတ်အကျော်လောက်က ယီမင်နိုင်ငံ ဆာနားမြို့တွင် ဆားလဲ၏လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပြည်သူလူထုကြား တိုက်ခိုက်မှုတစ်ခုဖြစ်ပွားရာ လူ (၂၀၀)ကျော်လောက် သေဆုံးခဲ့ရသည်။

ပြတ်တောင်းပြတ်တောင်းလိုလို တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး တနင်္လာနေ့တွင် အစိုးရတပ်သားများ၏ ပစ်ခတ်မှုကြောင့် အတိုက်အခံ ၆ယောက် အနည်းဆုံး သေဆုံးခဲ့ရသည်။

အခြားတစ်ဖက်တွင်လည်း ယီမင်နယ်စပ်မှ ခိုးကြောင်ခိုးဝှက် ၀င်လာသော လူတစ်ယောက်အား နယ်စပ်စောင့်တပ်မှ ပစ်ခတ်ခဲ့ကြောင်း ဆော်ဒီသတင်းဌာနမှ သတင်းထုတ်လွှင့်ခဲ့သည်။

Source: Al Jazeera


0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။