ထိုင်းနိုင်ငံတွင် ယနေ့(တနင်္ဂနွေနေ့)တွင် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပလျက်ရှိရာ လူဦးရေ ၄၇.၃သန်းနီးပါး မဲပေးခဲ့ကြသည်။ ယခု ရွေးကောက်ပွဲသည် ထိုင်းနိုင်ငံ အနာဂတ် တည်ငြိမ် အေးချမ်းရေး အတွက် အလွန်အရေးကြီးသော ရွေးကောက်ပွဲဖြစ်သည်။ လွန်ခဲ့သော နှစ်ကဖြစ်ပွားခဲ့သော ဘန်ကောက် လူထု အုံကြွမှုကြီးတွင် စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့ပြီး လူ ၉၀ ခန့် သေဆုံးခဲ့ရသော အဖြစ်အပျက်များ ပြီးနောက် ယနေ့ ရွေးကောက်ပွဲသည် လက်ရှိ အာဏာရ အစိုးရအတွက် စိန်ခေါ်မှု တစ်ရပ်ပင် ဖြစ်သည်။
မဲရုံအထွက် ကောက်ခံရရှိသော စစ်တမ်းများ (Exit poll) များအရ အတိုက်အခံ ဖွေ့ထိုင်း ပါတီမှ လက်ရှိအာဏာရ ဒီမိုကရက်တစ် ပါတီအပေါ် အပြတ်အသတ် အနိုင်ရရှိနေကြောင်း သိရှိရသည်။ Assumption University of Thailand တက္ကသိုလ်၏ Exit Poll စစ်တမ်းအရ ဖွေ့ထိုင်းပါတီ အနေနှင့် အမတ်နေရာ ၅၀၀ တွင် ၂၉၉ နေရာခန့် ရရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ နောက်ထပ် စစ်တမ်း တစ်ခုအရ ဖွေ့ထိုင်းပါတီက ၂၅၇ နေရာနှင့် ဒီမိုကရက်ပါတီက ၁၀၄ နေရာရရှိသည်။
ဖွေ့ထိုင်းပါတီ၏ ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ ညီမဖြစ်သူ ယင်လပ်ရှင်နာဝပ်ထရာ ဖြစ်ပြီး ဒီမိုကရက်တစ် ပါတီ၏ ခေါင်းဆောင်မှာ လက်ရှိ ဝန်ကြီးချုပ် အဘီဆစ်ဝီယာယီဝိ ဖြစ်သည်။
၂၀၀၆ ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် သက်ဆင်ကို လာဘ်စားမှုများဖြင့် တရားစွဲဆိုခဲ့ချိန်မှစ၍ သက်ဆင်သည် တိုင်းပြည်ကို စွန့်ခွာနေခဲ့ရပြီး ယခုအခါ ဒူဘိုင်းတွင် နေထိုင်လျက်ရှိသည်။ လွန်ခဲ့သောနှစ်က သူ့ကို ထောက်ခံသော ရှပ်နီဝတ်များ ကဘန်ကောက်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြရာ နှစ်လကြာမြင်ခဲ့သည်။ မြို့တော်အလည် ရာဂျာပရာဆွန် လမ်းဆုံကို အချက်အခြာ ဆနရာအဖြစ် သိမ်းပိုက်ပြီး အဆောက်အဦများကို မီးရှို့ခြင်း၊ စီးပွားရေး လုပ်ငန်းများကို အတင်းအဓမ္မ ပိတ်ခိုင်းခြင်းများ ပြုလုပ်ခဲ့ပြီး ရဲများနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။
အာဏာရ ဒီမိုကရက်ပါတီက သက်ဆင်ကို နိုင်ငံတွင်းပြန်လာပြီး လာဘ်စားမှု စွဲချက်များကို ရင်ဆိုင်ရန် လိုလားလျက် ရှိသည်။
တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံတောင်ပိုင်း ခွန်ခန်းမှ အယ်လ်ဂျာဇီယာ သတင်းထောက် အေလာကော်လန်က သတင်းပေး ပို့ခဲ့ရာ “နိုင်ငံတစ်ဝှမ်း မဲရုံပေါင်း ၉၀,၀၀၀ ဖွင့်လှစ်ထားပြီး ရဲ ၁၈၀,၀၀၀ ကို လုံခြုံရေးအတွက် နေရာချထားပါတယ်။ မနှစ်က ဘန်ကောက်မှာ တွေ့မြင်ခဲ့ရတဲ့ ပုံစံမျိုးတွေနဲ့ အကြမ်းဖက်မှုတွေ မဖြစ်ဘဲ အေးအေးချမ်းချမ်း ပြီးစီးသွားမယ်လို့ မျှော်လင့်ပါတယ်။” ဟု ပြောဆိုခဲ့သည်။
အဘီဆစ် မတိုင်မီက အစိုးရကို တရားရုံးအမိန့်ဖြင့် ဖျက်သိမ်းခဲ့ပြီး ပါလီမန်မဲဖြင့် အနိုင်ရလာသော အဘီဆစ်သည် ၂၀၀၈ ခုနှစ် ကတည်းက ဝန်ကြီးချုပ်ရာထူး ရရှိခဲ့သည်။ ဒီမိုကရက်တစ် ပါတီသည် အထွေထွေ ရွေးကောက်ပွဲများတွင် အနိုင်မရခဲ့ သည်မှာ ဆယ်စုနှစ် နှစ်ခုနီးပါး ရှိပြီဖြစ်သည်။
Source: Al Jazeera




















6:16 PM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment