ထိုင်းနိုင်ငံ ရွေးကောက်ပွဲ မဲရုံများမှ ရရှိသော မဲစစ်တမ်းအရ အထိုက်အခံ ပါတီတစ်ခုဖြစ်သော ယင်လပ်ရှင်နာ ဝပ်ထရာ ခေါင်းဆောင်သည့် ဖွေ့ထိုင်းပါတီက အနိုင်ရရှိ သွားပြီ ဖြစ်သည်။
ဖွေ့ထိုင်းပါတီ ခေါင်းဆောင် ယင်လပ်ရှင်နာ ဝပ်ထရာသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ညီမဖြစ်ပြီး အမတ်နေရာ ၅ဝဝတွင် ၃၁၃နေရာဖြင့် အနိုင်ရသွားခဲ့ခြင်း ဖြစ်သည်။ Bangkok's Suan Dusit University က သမိုင်းအတွက် စိတ်အချရဆုံးလို့ ယူဆပါကြောင်း ပြောကြားခဲ့သည်။
Assumption University (ABAC) က ယခု အနိုင်ရရှိသွားသော အတိုက်အခံ ပါတီးအား အမတ်နေရာ ၂၉၉ ထိ မဲပေးထောက်ခံခဲ့သည်။
အခြား ခြုံငုံလေ့လာချက်အရ NIDA (National Institue of Development Administration) က ဖွေ့ထိုင်းပါတီအား ၂၇၅နေရာနှင့် လက်ရှိအာဏာရ ဒိုမိုကရက်ပါတီးအား ၁၀၄ နေရာ အသီးသီး ထောက်ခံမဲ ပေးခဲ့ကြသည်။
ထိုင်းစံတော်ချိန် တနင်္ဂနွေနေ့ မွန်းလွဲ ၃ နာရီ၊ ရွေးကောက်ပွဲဆိုင်ရာ မဲစစ်တမ်း ကောက်ယူ ချိန်ကတည်းက အတိုက်အခံပါတီမှ ထောက်ခံ အားပေးသူများ အစုလိုက် အပြုံလိုက် ရောက်ရှိစုရုံး နေခဲ့သည်။ ပြီးခဲ့သည့်နှစ်က အတိုက်အခံများ လူစုရုံး၍ အကြမ်းဖက်သော ကိစ္စကြောင့် စစ်တပ်မှ ဖြိုခွဲခဲ့ရာ လူပေါင်း ၉၁ ယောက် သေဆုံးခဲ့ရသည်။
ယင်းသို့သော အတိုက်အခံပါတီ အနိုင်ရရှိမှုသည် ထိုင်းနိုင်ငံသားများအား အံ့အားသင့်စေခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းထောက် ၀ိန်ဟေက ပြောကြားသွားခဲ့သည်
Source: Aljazeera

0 comments:
Post a Comment