၁၉၉၂-၉၅ ဘော့စနီးယား စစ်ပွဲအတွင်း ဆရီဘရီနီကာမြို့ ဆာ့ဘ်တို့ လက်တွင်း ကျရောက်သွားပြီးနောက် မူစလင် အမျိုးသား သုံးဦး သေဆုံးမှုနှင့် ပတ်သက်ပြီး ဒတ်ခ်ျအစိုးရတွင် တာဝန်ရှိကြောင်း ဟေ့ဂ်နိုင်ငံ တရားရုံးက စုံးစမ်းသိရှိခဲ့သည်။
“ကုလသမဂ္ဂရဲ့ ဒတ်ခ်ျ စစ်သားတွေက သူတို့ကို ဆာဘ်တွေလက်ထဲ လွှဲပြောင်း ပေးလိုက်တယ်။ ဒါကြောင့်မို့ တရားရုံးက တရားရုံးက ဒီမွတ်စလင်သုံးဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဒတ်ခ်ျအစိုးရမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်တယ်။” ဟု တရားရုံးပြော ရေးဆိုခွင့်ရှိသူ တစ်ဦးက အင်္ဂါနေ့က ပြောသည်။
၁၉၉၅ ဇူလိုင်လ အတွင်းက ဆရီဘနီကာတွင် ကုလသမဂ္ဂက အပစ်အခတ် မရှိဟု ကြေငြာထားသော ဇုန်တွင် တာဝန်ထမ်းဆောင် နေသော ဒတ်ခ်ျငြိမ်းချမ်းရေး စစ်သားများက မွတ်စလင် အမျိုးသား သုံးဦးကို ဘော့စနီးယား ဆာဘ်တို့ လက်ထဲသို့ လွှဲပြောင်းပေး အပ်ခဲ့သည်။ ဆရီဘနီကာတွင် ဘော့စနီးယား ဆာ့ဘ်တို့က မွတ်စလင် ယောင်္ကျားနှင့် ယောင်္ကျားကလေးများ ၈,၀၀၀ ကို သတ်ဖြတ်ပစ်ခဲ့သည်။
ဒတ်ခ်ျတပ်ဖွဲ့များကို အကူအညီ ပေးခဲ့သော လျှပ်စစ် ပညာရှင်တစ်ဦး၊ စကားပြန်တစ်ဦးနှင့် သူ့အဖေနှင့် ညီအစ်ကိုတစ်ဦး ဆရီဘရီနီကာတွင် သတ်ဖြတ်ခံခဲ့ရခြင်းနှင့် ပတ်သက်၍ ဒတ်ခ်ျအစိုးရကို တရားစွဲဆိုထားသည်။
ဘော့စနီးယား ဆာဘ်တို့ ကြီးစိုးနေစဉ် ကာလအတွင်း ဒတ်ခ်ျ စစ်တပ်အနေနှင့် ထိုသူများကို စစ်တပ် ဧရိယာ ပြင်ပသို့ မလွှတ်လိုက် သင့်ကြောင်း တရားရုံးက ဆိုသည်။
“ငြိမ်းချမ်းရေး တပ်တွေ တပ်စွဲထားတဲ့ နယ်မြေ အပြင်ဘက်မှာ လူတွေကို နှိပ်စက် ညှဉ်းဆဲ သတ်ဖြတ်နေတယ် ဆိုတာ ဒတ်ခ်ျစစ်တပ်က သိခဲ့ပါတယ်။”
“ဒါကြောင့် သူတို့ကို ဒီနယ်မြေထဲကနေ ထွက်သွားခိုင်းလိုက်ရင် အပြင်မှာ အန္တရာယ် အကြီးအကျယ် ကျရောက်မယ်ဆို တာသူတို့ သိသိနဲ့ လုပ်ခဲ့ခြင်းဖြစ်ပါတယ်။”
Source: Al Jazeera
0 comments:
Post a Comment