Wednesday, July 13, 2011

ဝါလီခါဇိုင်း၏ ဈာပနာတွင် ဗုံးကွဲ






အာဖဂန်သမ္မတ ဟာမစ်ကာဇီက ဦးဆောင်၍ သြဇာအာဏာ ကြီးသူတစ်ဦးဖြစ်သည့် ၄င်း၏ညီငယ်ဖြစ်သူ ဝါလီခါဇိုင်း၏ ဈာပနသို့ လိုက်လံပို့ဆောင်ခဲ့သည်။ ဝါလီခါဇိုင်းအား အင်္ဂါနေ့က ကန်ဒါနာပြည်နယ်တွင် ၄င်း၏ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက လုပ်ကြံသတ်ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ထောင်ပေါင်းများစွာသော လူစုတို့နှင့်အတူ  ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများပါ စုရုံးကာလိုက်ပို့ကြပြီး  ၄င်း၏ ရုပ်အလောင်းကို မိသားစုများနေထိုင်ရာ ၂၀ ကီလိုမီတာ အကွာအဝေးရှိသော ကားဇ်ကျေးရွာမှာ သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ များစွာသော ဘက်စ်ကားမှတ်တိုင်များမှ ခရီးသည်များပါ မကျန် စုစုရုံးရုံး လိုက်လံပို့ဆောင်ခဲ့ကြသည်။

သမ္မတကလည်း ၄င်း၏ညီဖြစ်သူကို နှုတ်ဆက်အနမ်းပေးပြီး မြေချပေးခဲ့သည်။

ဈာပနအခမ်းအနားကျင်းပစဉ်လုံခြုံရေးများတင်းကြပ်ထားခဲ့ပြီး အလောင်း မြေချနေစဉ် အနီးတဝိုက်နှင့် မိုးပေါ်တွင်လည်း ရဟတ်ယာဉ်များဖြင့် လှည့်လည်စောင့်ကြည့်ခဲ့သည်။

ဂလက်မန်ဂယ်၏ သတင်းပေးပို့ချက်အရ ဈာပနပို့ရာလမ်းနှင့် တစ်လမ်းတည်းဖြစ်သော ဟဲလ်မန်း ပြည်နယ်တွင် ၄င်း၏ကားအနီးတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အယ်လ်ဂျာဇီးယား သတင်းထောက် ကွေ့ရ်အက်ဇမီ၏ ကာဗူးမှ သတင်းပေးပို့ချက်အရ " ဒေသဆိုင်ရာ အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူများက ၄င်းတို့ ဟဲလ်မန်းမှ ကန်ဒါနာသို့ ကားမောင်းနေစဉ်အတွင်း လမ်းဘေး ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပြီး အာဏာပိုင်များ၏ သက်တော်စောင့် ၂ဦး ဒဏ်ရာရသွားခဲ့ကြောင်း သတင်း" ပေးပို့ခဲ့သည်။

ဈာပနအပြီး မကြာမီတွင်ပင် ကန်ဒါနာပြည်နယ်အတွင်း ပေါက်ကွဲမှုနှစ်ခု ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ရီယူတာစ် သတင်းဌာနမှ ပြောကြားသွားခဲ့သည်။

နေရာအတိအကျနှင့် ဒဏ်ရာရသူစာရင်း အတိအကျကိုတော့ လတ်တလောမသိရသေးပေး။

အစောပိုင်း သတင်းပေးပို့ချက် များအရလုံခြုံရေးအဖွဲ့ဝင်များကို ဈာပနအတွက် နေရာချထားပေးခဲ့သော်လည်း  မိသားစုဝင်များ ဈာပနအမီ ရောက်လာစေရန် ၄င်းအစီအစဉ်ကို ရွှေ့ ပြောင်းခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ အန္တရာယ်ရှိတဲ့ နိုင်ငံတစ်နိုင်ငံမှာ နေထိုင်နေရပါတယ်။ ပြီးတော့ လုံခြုံရေးတွေဟာ တစ်ချိန်လုံး ဂရုတစိုက်နဲ့ အားစိုက်နေရမယ်ဆိုတာ ကျွန်တော်တို့လည်းသိတယ် သမ္မတလည်း သိမှာပါ။ ဒါကြောင့်လည်း အခု သမ္မအတွက် လုံခြုံရေး ဘာမှ ပူစရာမလိုတော့ပါဘူး။" ဟု ကာဇိုင်း၏ ပြောရေးဆိုခွင့်ရှိသူ ၀ါဟီအိုမာက အယ်လ်ဂျာဇီးယားသို့ ပြောကြားသွားခဲ့သည်။

Sourece: Aljazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။