Thursday, July 14, 2011

ဂျပန်သတင်းများ

လက်ထပ်လက်စွပ်ကို ထုချေနေသော တိုမိုဟာရုဆိုင်တိုနှင့် မီကီ


ဂျပန်တွင် အိမ်ထောင်မပြုရသေးသော လူဦးရေ ၃၀%ထိ မြင့်တက်

ပြီးခဲ့သည့် အောက်တိုဘာလ သန်းခေါင်းစာရင်း ပမာန လူဦးရေ ဇယား အရ “ဂျပန်နိုင်ငံတွင် တိုင်းပြည်၏ အိမ်ထောင်မရှိသေးသော လူဦးရေသည် အိမ်ထောင်ရှိပြီးသား လူဦးရေထက် ၃၀%ခန့် မြင့်တက်သွားပြီး အကြီးဆုံး အုပ်စု ကွာခြားချက် တစ်ခု ဖြစ်လာခဲ့သည်" ဟု အစိုးရက ပြောပြသွားခဲ့သည်။

အိမ်ထောင်မရှိသေးသော လူဦးရေအစုသည် ၃၁.၂%ထိ ရောက်လာပြီး ပြီးခဲ့သည့် အောက်တိုဘာလ အရေအတွက်သည် ၁၀%ခန့် တိုးလာခဲ့ပြီး အလျှင် ၂၀၀၅ခုနှစ် သန်းခေါင်းစာရင်းထက် ၁၅၈၈၅၀၀၀ လောက် မြင့်တက်သွား ကြောင်းသိရသည်။

ပထမဆုံးအကြိမ် ဆယ်ကျော်သက်တစ်ဦးအား စက်ဘီးစီးရင်း ဖုန်းပြောမှုဖြင့် ရဲက ဒဏ်ငွေရိုက်

စက်ဘီးစီးရင်း ဖုန်းပြောမှုကြောင့် ဆယ်ကျော်သက်တစ်ဦးအား ရဲက ဒဏ်ငွေရိုက်ခဲ့သည်။ ယင်းဖြစ်ရပ်သည် ဂျပန်နိုင်ငံတွင် ပထမဆုံးအကြိမ် ဖြစ်ကြောင်း နစ်ကန်ဂျန်ဒိုင်းက ဗုဒ္ဓဟူးနေ့က သတင်းပေးပို့ခဲ့သည်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ည (၉း၃၀) နာရီ အချိန်လောက်က ဟီရက်တ်ဆူကာ ရင်ထိန်းရဲတစ်ဦးက၊ ကာနာဂါဝါ စီရင်နယ်မြေတွင် အသက် ၁၅နှစ် ရှိပြီဖြစ်သော ကျောင်းသူတစ်ဦးအား ယဉ်စည်းကမ်း ချိုးဖောက်မှုဖြင့် တရားစွဲဆိုခဲ့သည်။ ၄င်းမိန်းကလေးသည် ပထမနှစ် အထက်တန်းကျောင်းသူ တစ်ဦးဖြစ်ပြီး စက်ဘီးစီးရင်း ဖုန်းထဲမှ ရုပ်ပုံအား ကြည့်နေခဲ့သည်။ ထို့မလုပ်ရန် အကြိမ်ကြိမ် တားမြစ်ခဲ့သော်လည်း ရပ်စဲခြင်းမရှိပေ။

“သူဖုန်းပြောနေခဲ့ပါတယ်။ တာဝန်ရှိသူက စက်ဘီးစီးရင်း ဖုန်းပြောခြင်းသည် ဥပဒေအား ဆန့်ကျင်ရာ ကျကြောင်း ၄ကြိမ် သတိပေးခဲ့ပါတယ်။” ဟု ဟီရက်တ်ဆူကာ ရဲစခန်းနှင့် နီးစက်သူများထံမှ သိရှိခဲ့ရသည်။ သူမဆက်လက်ပြီး ဥပဒေမချိုးဖောက်ရန် သတိပေးခဲ့ပြီး လက်မှတ်တစ်စောင်ကို ပေးခဲ့ကြောင်းလည်း သိခဲ့ရသည်။
ယင်းအဖြစ်အပျက်သည် ယင်းဥပဒေကို ချိုးဖောက်မှုနှင့် ပတ်သက်၍ ကာနာဂါဝရဲများ ကိုင်တွယ်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ခဲ့ကြေင်းသိရသည်။ ယင်းသို့သော စက်ဘီးစီးရင် ဖုန်းပြောခြင်း၊ သီချင်းနားထောင်ခြင်းတို့သည် တားမြစ်ထားသော ဥပဒေများ ဖြစ်ပြီး မေလတစ်ရက်နေ့မှ စ၍ အသက်ဝင်လာခြင်းဖြစ်သည်။
“၄င်းမိန်းကလေး၏ လက်ရှိ ဖြစ်ရပ်သည် ယဉ်စည်းကမ်း ချိုးဖောက်ရန် မရည်ရွယ်ကြောင်း” ပြောပြသွားသော ကိုးကားချက်အားတင်ပြခဲ့ပြီး ယင်းသို့သော စည်းကမ်းအားဖောက်ဖျက်ပါက ဒဏ်ငွေ ယမ်း၅၀၀၀၀ ဒဏ်ရိုက်မည်ဖြစ်ကြောင်း ဥပဒေထိန်းသိမ်းရေးအဖွဲ့မှ ထပ်လောင်းဖော်ပြသွားခဲ့သည်။


ဂျပန်လင်မယားကွာရှင်းမှု စံချိန်တင်

ဂျပန်တွင် မတ်လ ငလျင်နှင့် ဆူနာမီဖြစ်ပွားပြီးနောက် နျူကလီးယားယိုစိမ့်မှုဒဏ်ကိုခံစားခဲ့ရသည်။ ထိုပြဿနာများ၏ နောက်ဆက်တွဲအဖြစ် လူမှုရေးဒုက္ခသုက္ခများခံစားလာကြရသော ဂျပန်အိမ်ထောင်သည်များ ကွာရှင်းပြတ်စဲမှုများ အမြင့်ဆုံးစံချိန်သို့ရောက်ရှိခဲ့ပြီဖြစ်သည်။
ဇနီးမောင်နှံများသည် တရားဝင် ကွာရှင်းပြတ်စဲပွဲကျင်းပရန် ယန်း ၅၅,၀၀၀ (ဒေါ်လာ ၆၉၀) ခန့်သုံးစွဲရသည်။ ကွာရှင်းပြတ်စဲ သည့် ပွဲတွင် လက်ထပ်လက်စွပ်ကိုတူဖြင့်ထုကာ ထုချေပစ်ရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တိုကျိုတွင် တိုမိုဟာရုဆိုင်တိုနှင့် ဇနီးဖြစ်သူ မီကီတို့ကွာရှင်းပြတ်စဲပွဲကျင်းပခဲ့ပြီး လက်ထပ်လက်စွပ် ကို တူဖြင့်ထုချေခဲ့ကြသည်။
“လက်ထပ်လက်စွပ်ကို ဒီလောက်လွယ်လွယ်ကူကူနဲ့ ထုချေပစ်လိုက်လို့ရမယ်လို့ ကျွန်တော်မထင်ခဲ့ဘူး။ ဒါပေမယ့် လွယ်လွယ်ကူကူပဲ လုပ်လိုက်နိုင်တယ်။” ဟု ဆိုင်တိုကပြောသည်။
“တစ်ချိန်တည်းမှာပဲ ကျွန်တော်တုန်လှုပ်မိပါတယ်။ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားဖြစ်သွားပြီလို့ လည်းကျွန်တော် ခံစားရပါတယ်။”
ကွာရှင်းပွဲတွင် ကွာရှင်းဝတ်စုံကို ဝတ်ဆင်ကြရသေးသည်။ မီကီက ဒေစီပန်းအဝါရောင်နွေရာသီဝတ်စုံကို ဝတ်ဆင်ခဲ့သည်။ ဂျပန် တွင် ဒေစီပန်းဆိုသည်မှာ ၅၂၈ မေတ္တာကိုဖေါ်ကျူးသည့် သင်္ကေတဖြစ်သည်။
ယင်းဝတ်စုံကို ချုပ်သည့်ဒီဇိုင်းပညာရှင် အာကီယူဂိုက ကာယကံရှင်၏ ကျောဘက်ပိုင်းကိုကြည့်ကာ ဒီဇိုင်းကိုရေးဆွဲချုပ်လုပ်ခဲ့ ကြောင်း ဆိုသည်။
“မိန်းမတစ်ယောက်ဟာ လှည့်ထွက်ပြီး ကျောခိုင်းထွက်ခွါသွားတဲ့ အခါမှာသူ့အနောက်ပိုင်းကို ကြည့်ရတာ အလှဆုံးပါပဲ။ အဲဒီအတွက် အခုဒီဇိုင်းကိုရေးဆွဲခဲ့တာပါ။” ဟု သူကဆိုသည်။
အရောင်းသမားတစ်ဦးဖြစ်ခဲ့ဖူးသူ ဟိုင်ရိုကီတီရိုင် ၃၁ နှစ်သည် လွန်ခဲ့သောနှစ်နှစ်ကတည်းက ကွာရှင်းပြတ်စဲပွဲများလုပ်ရန်လိုအပ် ချက်ကို သိမြင်ခဲ့ပြီး စတင်ဈေးကွက်ဖေါ်ဆောင်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်ကတည်းကစ၍ ပွဲပေါင်း ၈၀ ခန့်ကို သူကျင်းပပေးခဲ့ပြီး ဖြစ်သည်။ မတ်လ ၁၁ ရက်နေ့ ငလျင်နှင့် ဆူနာမီ ဖြစ်ပွားပြီးနောက်ပိုင်း ကွာရှင်းပြတ်စဲမှုများ သုံးဆခန့်တိုးတက်လာခဲ့ကြောင်း သူကပြောသည်။
“မတ်လ ၁၁ ရက်နေ့ အဖြစ်အပျက်က ဇနီးမောင်နှံတွေရဲ့ ပိုင်ဆိုင်မှုတွေအတွက် ပြန်လည်စဉ်းစားသုံးသပ်ဖို့ဖြစ်လာခဲ့ပါ တယ်။ အချို့ကတော့ မိသားစုအရေးထက် အလုပ်ကိုဦးစားပေးစဉ်းစားလာကြတယ်။ ဒါကြောင့် ဇနီးမောင်နှံတွေကွာရှင်းပြတ်စဲ ဖို့အတွက် အဓိကတွန်းအားတစ်ခုဖြစ်လာပါတယ်။ ၅၂၈ မေတ္တာကိုပြန်သွားကြမယ်လို့ ဆုံးဖြတ်လိုက်တဲ့ ဇနီးမောင်နှံတွေက အခုလိုကွာရှင်းပြတ်စဲပွဲတွေ ကျင်းပကြတာပါ။”
ငလျင်နဲ့ ဆူနာမီဖြစ်ပွားပြီးတဲ့နောက်ပိုင်း မီကီက သူမအနေနဲ့ မိဘတွေနဲ့သာ အနီးကပ်နေမည်ဟု ဆုံးဖြတ်လိုက်ကြောင်း၊ အဘယ်ကြောင့်ဆိုသော သူမ၏ မိဘများသည် ငလျင်ဒဏ် ဆိုးဆိုးရွားရွားခံခဲ့ရသော ဂျပန်အရှေ့မြောက်ဒေသတွင် နေထိုင်သူ များဖြစ်ကြောင်း ပြောသည်။
“ငလျင်ပြီးသွားတဲ့နောက်မှာတော့ မိဘတွေအနားမှာပဲ ပြန်ပြီးနီးနီးကပ်ကပ်နေချင်တဲ့ စိတ်က တဖြည်းဖြည်း ပိုပိုကြီးထွား လာခဲ့ပါတယ်။” ဟု မီကီက ပြောသည်။
သူတို့နှစ်ယောက်လက်ထပ်ပွဲနှင့် ယခုကွာရှင်းပွဲကိုပါ တက်ရောက်ခဲ့သည့် ဧည့်သည်အဖြစ်တက်ရောက်ခဲ့သည့် ဟိုင်ရိုကိုက
“၅၂၈ မေတ္တာသဘောနဲ့ အေးအေးချမ်းချမ်းကွာရှင်းလိုက်တာကို ဂုဏ်ယူပါတယ် လို့ပဲ ပြောချင်ပါတယ်။” ဟု ဆို၏။
“သူတို့ရဲ့မင်္ဂလာပွဲကိုလည်း တက်ရောက်ခဲ့ပြီး ဒီလိုနေ့မျိုးရောက်လာမယ်လို့ ကျွန်မ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အခုလို ကွာရှင်းလိုက်တာဟာ အကောင်းဆုံးလုပ်လိုက်တယ်လို့ပဲ ပြောရပါတော့မယ်။”

Source: Japan Media

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။