Friday, July 15, 2011
အမေရိကန်ကာကွယ်ရေး ဆိုင်ရာ အချက်အလက်များ မလုံခြုံ
ကာကွယ်ရေးနည်းပညာသစ်များနှင့် ပတ်သက်သော အချက်အလက်အများအပြားကို ယခုနှစ်အစောပိုင်းက ဖေါက်ထွင်းခိုးယူခံ ခဲ့ရကြောင်း ပင်တာဂွန်ထိပ်တန်း အရာရှိတစ်ဦးက ဝန်ခံပြောကြားလိုက်သည်။
“သိုမှီးထားတဲ့ အချက်အလက်ဖိုင်ပေါင်း ၂၄,၀၀၀ ခုလောက်အခိုးခံလိုက်ရပါတယ်။ ဒါအတော်များတယ်လို့ပြောလို့ရပါ တယ်။” ဟု အမေရိကန်လက်ထောက်ကာကွယ်ရေးဝန်ကြီး ဝီလီယံလင်းက ပြောသည်။
အခိုးခံရသောအချက်အလက်များမှာ အင်တာနက် ကွန်ယက်ဆိုင်ရာကာကွယ်ရေးအတွက် စီမံထားသော ကာကွယ်ရေးနည်း ပညာသစ်များဖြစ်ကြောင်း၊ ဆိုင်ဘာကွန်ယက်ကာကွယ်ရေးစံနစ်မှာ အမေရိကန်စစ်တပ်များ လေ့ကျင့်ရေး၊ ကာကွယ်ရေးကိစ္စများဆောင်ရွက် နေသော ပင်လယ်ပြင်၊ ကုန်းတွင်း၊ ဝေဟင် စသည်ကာကွယ်ရေး စံနစ်များကဲ့သို့ ပင်ဖြစ်ကြောင်းပြောကြားသည်။
မတ်လအတွင်းက အခိုးခံခဲ့ရခြင်းဖြစ်ပြီး လက်နက်နှင့် ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်မှုဆိုင်ရာ သဘောတူညီမှု အချက်အလက်များကို အဓိကထားဖေါက်ထွင်းခိုးယူခံရခြင်းဖြစ်ကြောင်း သူက ပြောသည်။ သို့သော် ယင်းသို့အင်တာနက်မှ ဖေါက်ထွင်းခိုးယူ (Hack) ရာတွင် မည်သည့်နိုင်ငံက လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် မည်သည့်ကုမ္ပဏီများမှ အချက်အလက်များ ခိုးယူခံခဲ့ရကြောင်းကိုမူ မပြောပေ။
ယင်းသို့ခိုးယူခံရမှုကြောင့် စစ်တပ်နှင့် ကာကွယ်ရေးဆိုင်ရာကွန်ယက်များ၏ လုံခြုံရေးအတွက် ပင်တာဂွန်တွင် အခက်အခဲများ ကြုံတွေ့ရလျက်ရှိပြီး အမေရိကန်လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ဖြစ်သည်။ ထိုသို့တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်ရန်အတွက် ကောင်းမွန်သော နည်းပညာမရှိသေးကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ကွန်ယက်ကို ထိုးဖေါက်ဝင်ရောက်နိုင်သောအန္တရာယ်မှာ အမြဲရှိ နေကြောင်း အကဲဖြတ်များက ပြောသည်။
ကာကွယ်ရေးဝန်ကြီးဌာနတွင် ကွန်ပြူတာကွန်ယက်ပေါင်း ၁၅,၀၀၀ နှင့် ကွန်ပြူတာ အလုံးပေါင်း ၇ သန်းခန့်ကို ကမ္ဘာတစ်ဝှမ်းစစ် ဌာနချုပ်ရာနှင့် ချီ၍ ဆက်သွယ်လည်ပတ်လှုပ်ရှားလျက်ရှိသည်။ ယင်းကွန်ယက်ကြီးအတွင်းသို့ တစ်နေ့လျင် အကြိမ်ပေါင်းသန်း နှင့်ချီ၍ ထိုးဖေါက်ဝင်ရောက်ရန်ကြိုးစားခြင်းခံရပြီး ထိုးဖေါက်ဝင်ရောက်သွားခဲ့လျှင်လည်း အချက်အလက်အများအပြားဆုံးရှုံးရ သည်။
ထောက်လှမ်းရေးအချက်အလက်များ၊ အစိုးရသတင်းအချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများ ဆိုင်ရာ ကွန်ပြူတာများမှ အချက်အလက်များခိုးယူခံရမှုကြောင့် ဆုံးရှုံးရမှုပမာဏမှာ ဒေါ်လာ ၁ ထရီလီယံကျော်ရှိကြောင်း လင်းကပြောသည်။
နေ့စဉ် ဟက်ကာ (Hacker) ပေါင်း သန်းနှင့်ချီ၍ ကာကွယ်ရေးဆိုင်ရာကွန်ယက်များကို ဖေါက်ထွင်းရန်ကြိုးပမ်းလျက်ရှိရာ ဝါရှင်တန်အနေဖြင့် ၎င်းတို့၏အလွန်အရေးကြီးသော ထိပ်တန်းလျှို့ဝှက်ချက်များကို ကာကွယ်ရန် နိုင်ငံရေးရည်မှန်းချက်ထား၍ အစွမ်းကုန်ကာကွယ်ရတော့မည့် အခြေအနေဖြစ်သည်။
Source: Al Jazeera
0 comments:
Post a Comment