![]() |
ဝါလီခါဇိုင်း |
အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်း၏ ညီအစ်ကိုဖြစ်ပြီး နိုင်ငံတွင်း သြဇာအာဏာ ကြီးသူတစ်ယောက် ဖြစ်သော အာမက်ဝါလီခါဇိုင်း အသတ်ခံခဲ့ရသည်။
“အာမက်ဝါလီဟာ သူ့အိမ်ထဲမှာပဲ အသတ်ခံ လိုက်ရပါတယ်။” ဟု ကန်ဒါဟာ ပြည်နယ် အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့် ရှိသူ ဇယ်မေးလ်အာရူဘီက ရိုက်တာသတင်းသို့ ပြောကြားခဲ့သည်။
သူ့၏ကိုယ်ရံတော် တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဆာဒါမိုဟာမက်က ပစ်သတ်လိုက်ခြင်း ဖြစ်ကြောင်း လုံခြုံရေး အဖွဲ့ဝင်တစ်ဦးက အယ်လ်ဂျာဇီယာသို့ ပြောသည်။
ဝါလီခါဇိုင်းရေချိုးခန်းမှ ထွက်လာစဉ်တွင် မိုဟာမက်က ဝါလီ၏ဗိုက်နှင့် ရင်ဘတ်သို့ပစ်သတ်ခဲ့ပြီးနောက် သူ့ကိုလည်း အခြားအစောင့်များက ပစ်သတ်ခဲ့ကြောင်း အယ်လ်ဂျာဇီယာသို့ပြောပြသည်။
ဝါလီခါဇိုင်းသည် ကန်ဒါဟာ ပြည်နယ်ကောင်စီ ဥက္ကဋ္ဌဖြစ်ပြီး သြဇာအာဏာရှိသော သူတစ်ဦးလည်း ဖြစ်သည်။ သူ့ကို မီဒီယာများက မူးယစ်ဆေးဝါး နှိမ်နင်းရေးတွင် စစ်ဘုရင်ကြီး အဖြစ် ရေးသားဖေါ်ပြလေ့ ရှိပြီး အမေရိကန် စီအိုင်အေမှ မွေးထားသောသူတစ်ဦး လည်းဖြစ်သည်။
ဝါလီခါဇိုင်း သတ်ဖြတ်ခံ လိုက်ရပြီးနောက် ကန်ဒါဟာမြို့တွင် စစ်ဆေးရေး ဂိတ်များ ပိတ်ဆို့လိုက်သည်။ သူ့အလောင်းကို ဆေးရုံသို့ သယ်ဆောင်သွားရာ လမ်းတစ်လျှောက်ကိုလည်း ပိတ်ဆို့ထားပြီး ရဟတ်ယာဉ်များ ကောင်းကင်တွင် ဝဲနေကြောင်း ကဘူးလ်အခြေစိုက် သတင်းသမားဖြစ်သော မက်သီအူးအိုင်ကင်စ်က တွစ်တာတွင် ရေးသားဖေါ်ပြခဲ့သည်။
တိုလို သတင်းဌာနမှ အက်ရှနူလာအာမီရီက ဝါလီခါဇိုင်းကို ပစ်သတ်ခဲ့သောသူကို လည်းဆေးရုံ၌ ထားရှိကြောင်း တွစ်တာတွင် ရေးသားဖေါ်ပြခဲ့သည်။
ကောလဟလ သတင်းများအရ ဝါလီခါဇိုင်း ပါဝင်ပတ်သက်မှု ရှိသော ဘိန်းကုန်ကူး လုပ်ငန်းသည် အာဖဂန်တွင် နှစ်ပေါင်းများစွာကပင် လည်ပတ်လျက် ရှိသည်။ အိမ်ဖြူတော်၊ ပြည်ထဲရေးနှင့် စီအိုင်အေတို့က သူနှင့် ဘိန်းလုပ်ငန်းများ အချိတ်အဆက်ရှိကြောင်း သတင်းရရှိခဲ့သည်။ ထို့နောက် ဝါလီခါဇိုင်းကို မူးယစ်လုပ်ငန်း ဆက်လက် လုပ်ကိုင်နိုင်ခြင်း မရှိစေရန် သူ့အစ်ကို ဟာမစ်ခါဇိုင်းကို သမ္မတအဖြစ် တင်မြှောက်ခဲ့ကြကြောင်း ၂၀၀၈ တွင် New York Times သတင်းစာက ရေးသားဖေါ်ပြခဲ့သည်။
ထို့နောက် တစ်နှစ်အကြာ စီအိုင်အေက သူတို့ စီစဉ်ညွှန်ကြားသည့် အတိုင်း ဆောင်ရွက်ပေးသော ပြည့်သူ့စစ် တပ်ဖွဲ့ကို တစ်စိတ်တစ်ပိုင်းအားဖြင့် အထောက်အပံ့ ပေးနိုင်ရန် နှစ်စဉ် ဝါလီခါဇိုင်းကို ငွေပေးလာ လျက်ရှိသည်မှာ လွန်ခဲ့သော ရှစ်နှစ်တာ ကာလလုံး ဖြစ်သည်။
“ဝါလီခါဇိုင်း သေသွားတာ သမ္မတအတွက် အများကြီး နစ်နာပါတယ်။ သူက ကန်ဒါဟာဒေသ တည်ငြိမ်ရေးအတွက် အများကြီး အကူအညီ ပေးနေတာပါ။” ဟု တိုလို သတင်းဌာနကို ပိုင်ဆိုင်သော သတင်းဌာနကြီး၏ ဒါရိုက်တာ ဆာအက်မိုဆန်နီက တွစ်တာတွင် ရေးသားခဲ့သည်။
Source: Al Jazeera
0 comments:
Post a Comment