Sunday, July 24, 2011

နျူကလီးယား ပညာရှင်တစ်ဦးအား သတ်ဖြတ်ခဲ့ခြင်းကို အီရန်ငြင်းဆို



အီရန် နျူကလီးယား ပညာရှင်တစ်ဦးအား တီဟာရန်ရှိ သူ၏နေအိမ်တွင် သတ်ဖြတ်ခဲ့သည့်သတင်းမှာ မမှန်ကန်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံဌာနမှ ငြင်းဆိုလိုက်သည်။

ဒါရုတ်ခ်ျ ရီဇနီဂျတ်ဆိုသော သိပ္ပံပညာရှင်တစ်ဦးအား ၄င်းဓာတ်ဆီထည့်ရန် ဆီဆိုင်သို့ အ၀င်တွင် မော်တော်ဆိုင်ကယ်ပေါ်မှ လူနှစ်ဦး  သေနတ်နှင့် ပစ်သတ်သွားခဲ့သည် ထိုသို့ ပစ်သတ်သွားချိန်၌ ၄င်း၏ ကလေးနှင့် ဇနီး ဖြစ်သူပါ အတူရှိနေခဲ့ခြင်း ဖြစ်သည်။

အီရန် နိုင်ငံပိုင် သတင်းစာတွင် ဒါရုတ်ခ်ျ ရီဇနီ အသက်(၃၅)နှစ် သည် ယခင်က နိုင်ငံပိုင် နျူကလီးယား စက်ရုံတွင် အလုပ်လုပ်ဖူးကြောင်း ဖော်ပြထားခဲ့သည်။ ယင်းဖြစ်ရပ်သည် ၄င်းအား ၄ယောက်မြောက် အသတ်ခံရသော သိပ္ပံပညာရှင် ဖြစ်စေခဲ့ပြီး သံသယဖြစ်စရာ လုပ်ကြံမှုတစ်ခုလည်း ဖြစ်သည်။

တနင်္ဂနွေနေ့က နိုင်ငံပိုင် သတင်းဌာနမှ ပြောကြားချက်အရ ၄င်းသည် တီဟာရန်ရှိ ခါဂျာ လျပ်စစ်တက္ကသိုလ် အကြီးတန်း ကျောင်းသားတစ်ဦး ဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနတွင်လည်း အလုပ်လုပ်ဖူးသူ ဖြစ်သည်။ ထို့ကြောင့် လက်ရှိဖြစ်ရပ်သည် အလွန် သံသယမကင်းနိုင်သော သေဆုံးမှုတစ်ခုဟု ဖြစ်ကြောင်း ဖော်ပြသွားခဲ့သည်။

ပါလီမန် ပြောရေးဆိုခွင့်ရှိသူ အက်လီ လာရီဂျနီက ၄င်း၏မိန့်ခွန်းတွင် ဂျူးလူမျိုးများဆိုင်ရာ ဥပဒေပြဌာန်းနေသူများနှင့် အမေရိကန် တို့၏ ရန်လိုမှုပင်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

လာရီဂျနီသည် အီရန်နိုင်ငံအတွက် နျူကလီးယားဆိုင်ရာ အနောက်နိုင်ငံများနှင့် ငြှိနှိုင်းဆွေးနွေးခဲ့ရသူ တစ်ဦးအဖြစ် အလျှင်က တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

ရာဇနီဂျတ်၏ ဇနီးသည်မှာ ဒဏ်ရာအနည်းငယ်ရ၍ အနီးရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။



အသေးစိတ် ဖော်ပြချက်အရ-

အယ်လ်ဂျာဇီးယား သတင်းထောက် ဒေါ်ဇာဂျက်ဘရီ၏ သတင်းပေးပို့ချက်အရ-
အီရန်စံတော်ချိန် ၄း၃၀ နာရီလောက်တွင် ရီဇနီဂျတ်သည် ၄င်း၏ဇနီးသည်နှင့် အတူ ဓာတ်ဆီဆိုင်အတွင် ဝင်သွားခဲ့သည်။ ထိုအချိန်တွင် မော်တော်ဆိုင်ကယ်ပေါ်မှ သေနတ်သမား၂ဦးက ၄င်း၏ နာမည်အား ခေါ်ရင်း အနီးသို့ ချဉ်းကပ်သွားခဲ့သည်။

" ထိုခေါ်သံကြောင့် သူ ပြန်လှည့်ကြည့်လိုက်သော အခါတွင်၊ ၄င်း၏ လည်ပင်းအား သေနတ်နှင့် ပတ်သတ်သွားခဲ့သည်။ ဇနီးသည်မှာ ထွက်ပြေးကာအကူအညီ တောင်းခံခဲ့သေးသည် သို့သော် ဇနီးသည်ကိုပါ လိုက်လံ ဖမ်းဆီး၍ သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။

"ယင်းဖြစ်ရပ်သည် နိုင်ငံအကြံပေးအဖွဲ့ဝင်များ အတွက် အလွန်သံသယ မကင်းနိုင်သော ဖြစ်ရပ်ဖြစ်သည်။"

"ရီဇနီဂျတ်၏ နေအိမ်သည် နိုင်ငံ့အကြံပေးရေး ဝန်ကြီးများ ရုံးဆိုက်ရာနေရာနှင့် ကပ်လျှက်နီးပါး ထိစပ်လျက်ရှိသည်။"

လွန်ခဲ့သော ၁နှစ်ကျော် ကာလလောက်တုန်းကလည်း ယင်းကဲ့သို့ သိပ္ပံပညာရှင်များအား သတ်ဖြတ်မှု ဖြစ်ခဲ့ဖူးသည်။

၂၀၁၀ အတွင်း ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုနှစ်ခုတွင် မာဂျစ် ရှာ(ဟ်)ရီနှင့် အလီမိုဟာမက်ဒီတို့ နှစ်ဦးမှာ သေဆုံးခဲ့ပြီး လက်ရှိ အဏုမြူစွမ်းအင် ဆိုင်ရာ အဖွဲ့အစည်းခေါင်းဆောင် ဖဲရီယ်ဒေါင်း အဘက်ဆီမှာမူ ဒဏ်ရာရရှိခဲ့ဖူးသည်။

သို့သော် လက်ရှိ အီရန်သမ္မတက ယင်းသတ်ဖြတ်မှုသည် အနောက်နိုင်ငံများနှင့် အစ္စရေးတို့၏ လုပ်ကြံမှုဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

လွန်ခဲ့သောနှစ် ရှာ(ဟ်)ရီ သေဆုံးပြီး ချိန်ကလည်း သမ္မတက ယင်းသေဆုံးမှုတွင် ဂျူးနှင့် အနောက်နိုင်ငံ အစိုးရများ ပါဝင်ကြောင်း စွပ်စွဲသွားခဲ့သည်။

ထိုသို့ ပြောပြီးနောက် အငြင်းပွားဖွယ်ရာ နျူကလီးယား အစီအစဉ် မရပ်တန့်သ၍  ဒီသတ်ဖြတ်မှုတွေဟာ ပြီးဆုံးသွားမှာ မဟုတ်ကြောင်းလည်း ပြောဆိုသွားခဲ့သည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။