ဆောင်းရာသီအိမ်တွင်း အသုံးပြု လျှပ်စစ်စွမ်းအင် ခြွေတာရေးအတွက် “အမှတ်ပေးစံနစ်” ပြန်လည်ကျင့်
သုံးမည်ဖြစ်ကြောင်း အမျိုးသား မူဝါဒဝန်ကြီး ကိုအိချိ ရိုဂျမ်ဘာက သောကြာနေ့က ပြောကြားခဲ့သည်။
ထို အစီအစဉ်ကို ၂၀၀၉ မေလမှစ၍ ယခုနှစ် မတ်လအထိ အစိုးရ၏ စီးပွားရေးပြန်လည်မြှင့်တင်ရေးဆောင်ရွက်ချက်မအဖြစ် ကျင့်သုံးခဲ့သေးသည်။
ယင်းစံနစ်၏ ပုံစံမှာ သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော်သောအိမ်သုံးလျှပ်စစ်ပစ္စည်းဝယ်ယူသုံးစွဲသော သူများကို သတ်မှတ်ချက် အတိုင်း အမှတ်များပေးသွားမည်ဖြစ်ပြီး ယင်းအမှတ်များ၏ တန်ဖိုးအလိုက် အခြားကုန်စည်နှင့် ဝန်ဆောင်မှုများပြန်လည်ဝယ်ယူ သုံးစွဲနိုင်သည်။
နိုင်ငံခြားသား ခရီးသွားလျော့ကျ
မတ်လ ၁၁ ရက်နေ့ ငလျင်နှင့် ဆူနာမီပြီးနောက် နျူကလီးယားစိမ့်ယိုမှုတို့ဖြစ်ပွားခဲ့သည့်နောက်ပိုင်း နိုင်ငံခြားသားဧည့်သည် အဝင် သိသိသာသာကျဆင်းသွားကြောင်း အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့ကြီးက ပြောသည်။
ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ လေမန်းကုမ္ပဏီပြိုကွဲမှုနှင့် တုပ်ကွေးရောဂါများပျံ့နှံ့မှုတို့ကြောင့်၂၀၀၉ ဇွန်လ နိုင်ငံခြားသားဧည့်သည် အရေအတွက်မှာ ထိုးကျသွားပြီး ယခုနှစ်ဇွန်လတွင်မူ ၈,၇၀၀ ဦးခန့်တိုးတက်လာကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့ကဆိုသည်။
နိုင်ငံခြားသားဧည့်အဝင်အရေအတွက် ထိုးကျသွားမှု အတန်ငယ်နှေးကွေးသွားခြင်းမှာ အခြားသောအအချက်များအပါအဝင် ပြည်ဝင်ခွင့်တင်းကြမ်မှုများလျော့ချပေးလိုက်ခြင်းကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်းလေ့လာသူများက ပြောသည်။
မတ်လအတွင်းက ၅၀.၃% ကျဆင်းခဲ့သည်။ ဧပြီလတွင် ၆၂.၅% ကျဆင်းခဲ့သည်။ မေလတွင် ၅၀.၄% ကျဆင်းခဲ့သည်။ ဘေးအန္တရာယ်ကျရောက်ပြီး မတ်လ ၁၂ နှင့် ၃၁ ကာလအတွင်း ၇၃% ကျဆင်းသွားခဲ့သည်။
ဧည့်အဝင်နှုန်းကျဆင်းမှု နှေးကွေးသွားသော်လည်း ပြန်လည်တိုးတက်လာပြီး ပုံမှန်အတိုင်းပြန်ဖြစ်ရန်မူ အလားအလာမမြင်သေး ကြောင်း၊ အဘယ်ကြောင့်ဆိုသော နျူကလီးယားနောက်ဆက်တွဲပြဿနာများကြောင့် ခရီးသွားလုပ်ငန်းများကို ထိခိုက်မှုများရှိနေ သေးကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့ကပြောသည်။
ဆေးလိပ်ဈေးများ တိုးမြှင့်လိုက်ခြင်းကြောင့် ဂျပန်ကျောင်းသားလူငယ်များ ဆေးလိပ်ဖြတ်လာ
လွန်ခဲ့သော အောက်တိုဘာအက စီးကရက်ဈေးနှုန်းများမြှင့်တင်လိုက်ခြင်းကြောင့် အလယ်တန်းနှင့် အထက်တန်းကျောင်းသား လူငယ်ထု၏ ၂၀% ခန့်သည် ဆေးလိပ်ဖြတ်လိုက်ကြကြောင်း အစိုးရစစ်တမ်းတစ်စောင့် ကြာသပတေးနေ့က ဖေါ်ပြခဲ့သည်။ ကျောင်းပေါင်း ၁၇၀ မှ ကျောင်းသား ဦးရေ ၉၈,၈၆၇ ဦးရေကို စစ်တမ်းကောက်ခဲ့ရာ ၆၅၆ ဦး (၂၀% နီးပါး) က စီးကဈေးများ မမြှင့်မီက ဆေးလိပ်သောက်သုံးသူများဖြစ်ကြောင်း၊ ယခုဖြတ်လိုက်ပြီးဖြစ်ကြောင်း ဖြေကြားခဲ့သည်။ ၂၈၅၄ ဦးကမူ ဆက်လက် သောက်သုံးဆဲပင်ဖြစ်ကြောင်း ဖြေဆိုသည်။
ဈေးနှုန်းမြှင့်တင်ပြီးနောက်ဆက်လက်သောက်သုံးသူ ၆၅.၈% မှာ ဈေးနှုန်းမြင့်တက်သွားသောကြောင့် ဝယ်ယူရာတွင်ပိုမိုခက်ခဲ လာကြောင်း ပြောသည်။ ဂျပန်တွင် ဆေးလိပ်သောက်နိုင်သော အသက်အဖြစ် တရားဝင်သတ်မှတ်ထားခြင်း မှာ အသက် ၂၀ ဖြစ်သည်။
အသက် ၁၃ နှစ်နှင့် ၁၈ နှစ်ကြားဆေးလိပ်သောက်သုံးသူ လူငယ်များကို စစ်တမ်းကောက်ယူရာတွင် ၆၃.၃% က “တက်စပို” ခေါ် ဆေးလိပ်သောက်သုံးခွင့်လက်မှတ်ကို ကိုင်ဆောင်ခွင့်ရထားသူ မိသားစုဝင်များ၊ အခြားသူများထံမှ ငှားရမ်းကာ လမ်းဘေး ဆေးလိပ်ရောင်းသောစက်များတွင် ဝယ်ယူသောက်သုံးကြောင်း ပြောသည်။
၂၀၀၈ ခုနှစ် တွင်ပြုလုပ်ခဲ့သော စစ်တမ်းအရ ယင်းအသက်အရွယ်များဆေးလိပ်သောက်သုံးမှု များပြားလာခြင်းကြောင့် အသက်ပြည့်သူများသာ ဆေးလိပ်ဝယ်ယူနိုင်သည့် “တက်စပို” ကဒ်များကိုတီထွင်ခဲ့ခြင်းဖြစ်သည်။
“တက်စ်ပိုကဒ်တွေထုတ်ပြီး ငယ်ရွယ်သူတွေ ဆေးလိပ်မသောက်နိုင်အောင်တားဆီးတာ သိပ်မထိရောက်တော့ပါဘူး။ လမ်းဘေးဆေးလိပ်ရောင်းတဲ့ စက်တွေကို ပိတ်သိမ်းတာတွေ အပါအဝင် အခြားအခြေခံကျတဲ့ အချက်တွေကို စဉ်းစားဆောင် ရွက်ရပါတော့မယ်။” အိုအိဒါကပြောသည်။
၁၉၉၆ ခုနှစ်မှ စတင်ပြုလုပ်လာသော စစ်တမ်းများအရ ယောင်္ကျား၊ မိန်းမ ကျောင်းသားအရွယ်ဆေးလိပ်သောက်သုံးမှုနှုန်းမှာ အနိမ့်ဆုံးနှုန်းဖြစ်ကြောင်း ဆိုသည်။
အထက်တန်းကျောင်းသား(ယောင်္ကျား) ဆေးလိပ်သောက်သူ အရေအတွက် ယခင်စစ်တမ်းထက် ၅.၄% ကျဆင်းသွားပြီး ၁၉.၅% ရှိကြောင်း၊ ၁၉၉၆ ခုနှစ်စစ်တမ်းထက် ၃၂.၄% ကျဆင်းသွားကြောင်းဆိုသည်။
soruce: HRDP worldnews
0 comments:
Post a Comment