နော်ဝေတွင် လူ ၉၃ ယောက်အား အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုနှင့် ပတ်သက်၍ သံသယရှိသူကို တနင်္လာနေ့က အစောင့်အကြပ်ထူထပ်စွာဖြင့် အော်စလို မြို့လည်ရှိ တရားရုံးသို့ တင်ထားကြောင်း ဆိုသည်။
သောကြာနေ့ တိုက်ခိုက်မှုတွင် သူ့တွင်တာဝန်ရှိကြောင်း သူတစ်ဦးတည်း ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲသို့ အန်ဒါစ်ဘယ်ရင် ဘရီဗစ်က ထွက်ဆိုခဲ့သည်။
တနင်္ဂနွေနေ့က သေဆုံးသွားသူများ၏ ဆွေမျိုးမိတ်သင်္ဂဟများ ထောင်နှင့်ချီ၍တက်ရောက်ကာ အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပခဲ့ကြသည်။
![]() |
နော်ဝေ အကြမ်းဖက်မှု သံသယရှိသူ အန်ဒါစ်ဘယ်ရင် ဘရီဗစ်က |
သောကြာနေ့က အော်စလိုမြို့ အစိုးရအဆောက်အဦရှေ့ကားဗုံးပေါက်ကွဲမှုတွင် ၇ ဦးသေဆုံးပြီး မြို့နှင့် ၄၀ ကီလိုမီတာ အကွာ တွင်ရှိသော ယူတိုရာကျွန်းတွင် သေနတ်ဖြင့် လိုက်လံပစ်ခတ်တိုက်ရာ ၈၆ ဦးသေဆုံးခဲ့သည်။ ထိုအချိန်က ကျွန်းပေါ်တွင် လေဘာပါတီ လူငယ်စခန်းချပွဲကျင်းပနေစဉ်ဖြစ်ပြီး ၁၀၀ ခန့်ဒဏ်ရာရရှိခဲ့သည်။
ရဲများက နောက်ထပ် ပါဝင်ပတ်သက် နိုင်ဖွယ်ရှိသော လူများကို လိုက်လံ စုံစမ်းလျက်ရှိပြီး အခင်းဖြစ်ပွားချိန်တွင် ဖြစ်ပွားရာ ကျွန်းသို့ သွားရောက်ရန် တစ်နာရီမျှ အချိန်ယူရကြောင်း ရဲများက ဆိုသည်။
ဥရောပတွင် မွတ်စလင်များ ကြီးစိုးပျံ့နှံ့လာခြင်းကို အဆုံးသတ်ပစ်ရမည်ဟု ဘရီဗစ်က ပြောဆိုခဲ့ပြီး အင်တာနက်ပေါ်တွင် စာရွက်ရေ ၁,၅၀၀ ခန့်ရှိသော စာများ ဖြန့်ဝေထားကြောင်းဆိုသည်။ သို့သော် သူ၏ ရည်ရွယ်ချက်မှာ မည်သို့ရှိသည်ဟူသော အချက်ကို မသိရသေးကြောင်း ရဲက ပြောသည်။
Source: Aljazeera
0 comments:
Post a Comment