တိုကျိုအစိုးရက ကီလိုဝပ် တစ်သန်းထွက်မည့် လျှပ်စစ်ဓါတ်အားပေး စက်ရုံတစ်ရုံ တည်ဆောက်မည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် အီရှီဟာရက ပြောကြားခဲ့သည်။ မကြာမီတွင် တည်ဆောက်သွားဟုသာ ပြောကြားခဲ့ပြီး အသေးစိတ် ပြောဆိုခြင်း မရှိသေးပေ။
ဥရောပမှ ငွေချေးစာချုပ်များကိုဂျပန်ဝယ်ယူလို
“ဥရောပရဲ့ စီးပွားရေး တည်ငြိမ်ဖို့အတွက် အရေးပေါ်ချေးငွေစာချုပ်တွေ ကျွန်တော်တို့ဝယ်ယူပေးချင်ပါတယ်။” ဟု နိုဒါကပြောသည်။ ဘဏ်များနှင့် အခြားပုဂ္ဂလိက လုပ်ငန်းရှင်များ အပါအဝင် ဥရောပနိုင်ငံများကဂရိကို ကယ်တင်နိုင်ရန် အထောက်အပံ့ ယူရိုငွေ ၁၀၉ ဘီလီယံထုတ်ပေးရန်သဘောတူညီမှုရရှိပြီးနောက် ဂျပန်ဘဏ္ဍာရေး ဝန်ကြီးလည်း သူ့အစီအစဉ်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဂရိနိုင်ငံတွင်း ဘဏ်များမပြိုကွဲစေရန်နှင့် စီးပွားပျက်ကပ် မကူးစက်စေရန် နှင့် ဒုတိယဈေးကွက်ခေါ် ဈေးပေါသောစာချုပ် များကို ဝယ်ယူနိုင်စေရန် EFSF မှ ထုတ်ချေးငွေများဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။
ဇန်နဝါရီလနှင့် ဇွန်လအတွင်းက EFSF မှ ယူရိုငွေ ၂.၆၈ ဘီလီယံ တန်ဖိုးရှိ စာချုပ်များကို ဝယ်ယူခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။
အမျိုးသမီးအသင်းကမ္ဘာ့ဖလားဗိုလ်စွဲခြင်း
ကြီးမြတ်သောလက်ဆောင်တစ်ခုအဖြစ် ဝန်ကြီးချုပ်ရှုမြင်
ဂျပန်နိုင်ငံသားများ အဖို့ ပျော်ရွှင် စိတ်ချမ်းမြေ့ဖွယ် အောင်ပွဲတစ်ရပ်ကို တနင်္လာနေ့က အတူတကွ ဆင်နွှဲခဲ့ကြသည်။
ဝန်ကြီးချုပ်နာအိုတိုခန်းက အဆိုပါအောင်ပွဲသည် ဂျပန်နိုင်ငံအတွက် အကြီးမြတ်ဆုံးသော လက်ဆောင်တစ်ခု ဖြစ်ကြောင်း၊ အထူးသဖြင့် မတ်လ ၁၁ ရက်နေ့ကငလျင်နှင့် ဆူနာမီဒဏ်ခံ နိုင်ငံအရှေ့မြောက်ဘက်ရှိ ဒေသခံပြည်သူများအတွက် ဖြစ်ကြောင်းပြောကြားခဲ့သည်။
မတ်လ ၁၁ ရက်နေ့ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် လူပေါင်း ၂၃,၀၀၀ သေဆုံးပြီးနောက်ဆက်တွဲ နျူကလီးယား ဓါတ်ပေါင်းဖိုပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ဂျပန်အမျိုးသမီးအသင်းကို ဂျပန်လူမျိုးများကချစ်စနိုးဖြင့် “နာဒက်စ်ရှီကို” ဟုခေါ်ကြပြီး အလေ့ကျတောင်ပေါ်ပေါက် အရိုင်းပန်းတစ်မျိုးဖြစ်ကာဂျပန့်ရိုးရာအစဉ်အလာအရမိန်းမပီသမှု ကိုသင်္ကေတပြုသည်ဟုဆိုသည်။ သို့သော် အချို့ပရိတ်သတ်များက ဂျပန်အမျိုးသမီးအသင်းသည် မိန်းမပီသသော်လည်း ကစားဟန်ခပ်မာမာဖြင့် ပြိုင်ဘက်များကို ယှဉ်ပြိုင်အနိုင်ယူခဲ့ကြောင်း ပြောကြသည်။ ဂျပန်ကာကွယ်ရေး ဝန်ကြီးတိုရှိ မိကစ်တာဇာဝါကလည်း အောင်ပွဲကြောင့် ဂျပန်နိုင်ငံ၏ လဲပြိုမှုများမှ ပြန်လည် ရုန်းထရန် ကြိုးစားအားထုတ်နေမှုများကို အထောက်အကူ ဖြစ်စေကြောင်း ပြောကြားကာချီးကျူးခဲ့သည်။
“ကျွန်တော် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ အမျိုးသမီး အသင်းသားတွေဟာ စိတ်ဓါတ်ပြင်းထန်ပြီးတော့ နိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် စိတ်ဓါတ်ခွန်အား ဖြစ်စေခဲ့ပါတယ်။” ဟုကစ်တာဇါဝါက ပြောဆိုကြောင်း ကျိုဒိုသတင်းစာက ဖေါ်ပြခဲ့သည်။
အောင်ပွဲရ ဂျပန်အမျိုးသမီးအသင်း အင်္ဂါနေ့ အိမ်အပြန်ခရီးတွင် သူရဲကောင်းများသဖွယ် ကြိုဆိုဂုဏ်ပြုကြမည်ဖြစ်သည်။
0 comments:
Post a Comment