Monday, July 25, 2011
သြစတေးလျနှင့် မလေးရှားတို့ ဒုက္ခသည် ငြှိနှိုင်းဆွေးနွေးမှုဆိုင်ရာ လက်မှတ်ရေးထိုးပြီး။
မလေးရှားနိုင်ငံတွင် ဒုက္ခသည် ၄၀၀၀ ခန့်အား ပြန်လည် နေရာချထားရန်နှင့် သြစတေးလျ နိုင်ငံတွင် ခိုလှုံနေကြသော မလေးရှား လူမျိုး ၈၀၀ဦးအား ပြန်လည် ပို့ဆောင်ရန် သဘောတူ လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်သည်။
ဒုက္ခသည် ၄၀၀၀ ခန့်အား သြစတေးလျတွင် ပြန်လည် နေရာချထားရေး အတွက် အချိန်အတိုင်းအတာ ၄နှစ်ခန့် ယူရဖွယ်ရှိသည်။ ထိုသို့ အကြပ်အတည်းကြားမှ မလေးရှားက အလဲအလည် အခကြေးမှာ ၄င်းတို့၏ သြစတေးလျနိုင်ငံအတွင်း ခိုလုံခွင့်တောင်းခံထားသူ မလေးရှားနိုင်ငံသား ၈၀၀ဦးအား အမိနိုင်ငံသို့ ပြန်လည်၍ အခြေချနိုင်ရန်ပင်ဖြစ်သည်။
မလေးရှား ပြည်တွင်းဝန်ကြီး ဟီရှာမူတ်ဒင်က ဟူစိန်နှင့် သြစတေးလျ ရွှေ့ ပြောင်းမှုဆိုင်ရာ ၀န်ကြီး ခရစ်ဘိုဝန်တို့ ကွာလာလမ်ပူ ဟိုတယ်တွင် တနလာင်္နေ့က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
မလေးရှားနိုင်ငံသို့ ပြန်လည်ပို့ပေးသော နိုင်ငံသားများအား ချက်ချင်း နိုင်ငံ၏ လူ့အဖွဲ့အစည်းအတွင်း ၀င်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ၆ပတ်ကြာ သီခြားနေရာတွင် ထားရှိမည်ဖြစ်ကြောင်း ဟူစိန်က ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံအစိုးရက လက်ရှိ လက်ခံထားသည့် ကိစ္စသည် နိုင်ငံ၏ ဦးစားပေး အစီအစဉ်အတွင်း ထည့်သွင်းမည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားလိုက်သည်။
Source: Aljazeera
0 comments:
Post a Comment