Wednesday, July 20, 2011

ကုလသမဂ္ဂက ဆိုမာလီယာကို အငတ်ဘေးဆိုက်တိုင်းပြည်အဖြစ်ကြေငြာ



ဆိုမာလီယာတောင်ပိုင်းရှိ ဒေသအချို့တွင် နှစ် ၅၀ အတွင်း အဆိုးဝါးဆုံး မိုးခေါင်ခြောက်သွေ့မှုနှင့် တွေ့ကြုံနေရပြီး အစာရေစာပြတ်လပ်နေခြင်းကြောင့် ငတ်မွတ်ခေါင်းပါးမှုများဖြစ်ပေါ်နေခြင်းကြောင့် ကုလသမဂ္ဂမှအငတ်ဘေးဆိုက် အခြေအနေ အဖြစ်ကြေငြာလိုက်သည်။

ကြေငြာချက်တွင် အဆိုးဝါးဆုံးအငတ်ဘေးဆိုက်နေသော တောင်ပိုင်း ဘက်ကူးနှင့် ရှာဘယ်လီဒေသများတွင် အကူအညီများပိုမို လိုအပ်လျက်ရှိကြောင်း ဖေါ်ပြထားသည်။ ဆိုမာလီယာတွင် အာဟာရချို့တဲ့မှုအခြေအနေမှာ ကမ္ဘာ့အမြင့်ဆုံးနှုန်းဖြစ်ကြောင်း၊ လာမည့်လများအတွင်းဆက်လက်တိုးပွားလာမည်ဖြစ်ကြောင်း ကုလတာဝန်ရှိသူ မာ့ခ်ဘောင်ဒန်က ပြောသည်။

“ကျွန်တော်တို့ အခုကတည်းက အရေးတယူမဆောင်ရွက်ရင် သီးနှံတွေမထွက်၊ ကူးစက်ရောဂါတွေပျံ့နှံ့ပြီးတော့ တောင်ပိုင်းဒေသရှစ်ခုစလုံး အငတ်ဘေးကူးစက်သွားပါလိမ့်မယ်။”
“ကလေးသုံးယောက်မှာ တစ်ယောက်နှုန်း အကြီးအကျယ်ငတ်မွတ်နေပြီး အသက်အန္တရာယ်ခြိမ်းခြောက်နေပါတယ်။”

“ကျွန်တော်တို့ဟာ အလှူရှင်တွေပဲဖြစ်ဖြစ်၊ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးသူတွေပဲဖြစ်ဖြစ် ဆိုမာလီ ပြည်သူတွေကို ကျွန်တော်တို့ ဂရုစိုက်ဖို့လိုအပ်နေပါတယ်။” ဟု ဘောင်ဒန်က ပြောကြားခဲ့သည်။

“တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ဆိုရင် ဆိုမာလီပြည်သူ တစ်ဝက်နီးပါး ၃.၇ သန်းလောက် ဒုက္ခရောက်နေပါတယ်။ အဲဒီအထဲက ၂.၈ သန်းက တောင်းပိုင်းကဖြစ်ပါတယ်။” ဟု ကုလသမဂ္ဂထုတ်ပြန်ခဲ့သော ကြေငြာချက်တွင်ဖေါ်ပြခဲ့သည်။

စုစုပေါင်း ၁၀ သန်းခန့် အရေးပေါ်အကူအညီလိုအပ်လျက်ရှိကြောင်း ဆိုသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။