Wednesday, July 20, 2011
ဝမ်းရေးအတွက် ဂါဇာငါးဖမ်းလှေများ အစ္စရေးတားမြစ်ဧရိယာကျော်ကာငါးဖမ်း
Freedom Flotilla သင်္ဘောများ၏ ဂါဇာသို့ရေကြောင်းမှ ဝင်ရောက်အကူအညီပေးရေးကြိုးပမ်းမှုများကြောင့် ဂါဇာနေပါလက်စတိုင်းတို့အတန်ငယ်အားရှိ လာပြီး အချို့သောတံငါသည်များသည် အစ္စရေးတို့တားမြစ်ထားသော ကမ်းရိုးတန်းမှ ရေမိုင် ၃ မိုင်ထက်ကျော်၍မသွားရ ဆိုသောတားမြစ်ထားမှုကို ဆန့်ကျင်ကာ ငါးဖမ်းထွက်ခဲ့ကြသည်။
အော်စလိုသဘောတူညီချက်အရ ကမ်းရိုးတန်းမှ ရေမိုင် ၂၀ အထိထွက်ခွါငါးဖမ်းခွင့်ရှိသော်လည်း အစ္စရေးတို့က လက်နက် မှောင်ခိုအရောင်းအဝယ်ဖြစ်မည်ဟု ဆိုကာ သုံးမိုင်အထိသာသွားလာခွင့်ပြုထားသည်။
တံငါလှေများကို အစ္စရေးက ရေပိုက်ဖြင့်ထိုး၍ပြန်လည်မောင်းထုတ်လျက်ရှိသည်။ တစ်ခါတစ်ရံသေနတ်ဖြင့်ပစ်သည်။
အယ်လ်ဂျာဇီယာသတင်းထောက် နစ်ကိုးလ်ဂျွန်စတန်က ဂါဇာမှနေ၍ သတင်းပေးပို့ထားသည်။
Source: Al Jazeera
0 comments:
Post a Comment