Wednesday, July 20, 2011

ကဒါဖီ လစ်ဗျားတွင်သာ ဆက်ရှိနေသင့်ကြောင်း ပြင်သစ်ဆို

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အလိန်းယပ်ပီ

မိုဟာမက် ကဒါဖီသည် အကယ်၍ ပြည်တွင်း ပဋိပက္ခများအား အဆုံးသတ်ရန် လက်နှက်ချ၍ ပဲရစ်(စ်) ကျောထောက်နောက်ခံ နိုင်ငံအဖြစ် သဘောတူ လက်ခံပြီးပါက လစ်ဗျားတွင်သာ ဆက်လက် ကျန်ရှိနေ သင့်ကြောင်း ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားသွားခဲ့သည်။ 

"အနာဂတ်အတွက် သေချာတာတစ်ခုကို မှန်းဆကြည့်ရမယ်ဆိုရင် ကျွန်တော် ထပ်တလဲလဲ ပြောနေသလိုပဲ ကဒါဖီ အခြေအနေတစ်ရပ်အပေါ်မှာ ဆက်လက် ရှိနေနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးလောကရဲ့  အဝေးတစ်နေရာကပါ" ဟု အလိန်းယပ်ပီက ပြောကြားသွားခဲ့သည်။


LCI ရုပ်မြင်သံကြား အင်တာဗျူးအတွင်း မေးခွန်းများအပေါ် သုံးသပ်များအရ ကဒါဖိ၏ လစ်ဗျား ပဋိပက္ခအား ဖြေရှင်းခဲ့ရာတွင် ပါဝင်ခဲ့သော နိုင်ငံများအနေဖြင့် ကဒါဖိအား နိုင်ငံအတွင်း ပဋိပက္ခများ၏ အဝေး(သို့) ထွက်သွားသင့်/မသင့်အား စဉ်းစားပေးသင့်ကြောင်း ဖော်ပြထားသည်။


"အပစ်အခက် ရပ်စဲရေးဟာ ကဒါဖီ ကျူးလွန်ခဲ့တဲ့ ပစ်ဒဏ်တွေ၊ စစ်တပ် လက်နက်ချရန်နှင့် အရပ်သား ဇာတ်ကောင်တွေ အပေါ်မှာ မူတည်ပါတယ်" ဟု  ယပ်ပီက ပြောကြားသွားခဲ့သည်။

အမျိုးသား ကူပြောင်းရေး ကောင်စီမှ လျစ်ဗျား လက်နှက်ကိုင် အဖွဲ့ဝင် ၂ဦးနှင့် ပြင်သစ်သမ္မတ နီကိုးလက်စ် ဇာကိုဇီတို့သည် ဗုဒ္ဓဟူးနေ့တွင် ပဲရစ်(ဇ်)တွင် ဆွေးနွေးပွဲလုပ်ရန် စီစဉ်ခဲ့သည်။

ပြင်သစ်သည် လစ်ဗျား၏ လူထုကောင်စီအား ပထမဆုံး အသိမှတ်ပြုသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အပြင် မတ်လမှ စတင်၍ ယခုအခါ နေတိုး ဦးဆောင်နေသေယ ကဒါဖိ၏ တပ်များအား တိုက်ခိုက်ရန် လေကြောင်းကိုလည်း ပထမဆုံး လွှတ်ပေးခဲ့သော နိုင်ငံလည်းဖြစ်သည်။ 


"ကျွန်တော်တို့ သူတို့ရဲ့  အချိတ်ဆက်တွေ အနီးအနားမှာ ရှိနေချင်ပါတယ်။ အဲဒါမှ သူတို့အတွက် ဘယ်လိုကူညီ နိုင်မလဲဆိုတာ သိမှာ" ဟု ယက်ပီက ဆကပ် ပြောကြားသွားခဲ့သည်။


ပဲရစ်(စ်)တွင် လုပ်သော ကဒါဖီနှင့် ငြှိနှိုင်း ဆွေးနွေးရေးတွင် လောလောဆယ် လျို့ ဝှက် စကားပြောမှာ မဟုတ်ပါပဲ ၄င်း၏ ကိုယ်စားလှယ်များနဲ့အတူ UNသံတမန် တစ်ယောက်ပါ ဆွေးနွေးပွဲအတွင်း ပူးပေါင်းပါဝင် လှုပ်ရှားရန် စီစဉ်ထားကြောင်း ယပ်ပီက ပြောကြားသွားခဲ့သည်။


"ဒါပေမယ့် အခုဆွေးနွေးခြင်းဟာ ကဒါဖီ ဘယ်အချိန်နဲ့ ဘယ်လို ထွက်သွားဖို့ မဟုတ်ပါဘူး" ဟု ဆက်လက် ပြောကြားခဲ့သည်။


"စစ်တပ်ဘက်နှင့် နိုင်ငံရေးဘက်ဆိုပြီး နှစ်ဖက်ရှိနေပါတယ်။ ဘယ်ဘက်က ပိုပြီး တိုးတက်နေတာလဲ၊ ဘယ်ဘက်က အခုထိ မတိုးတက်သေးတဲ့ ရလာဒ် အတွင် လှုပ်ရှားနေတုန်းပါ" ဟု မစ္စတာ အဲလ်ခါတစ်က ပြောကြားသွားခဲ့သည်။ UN သံတမန်များပါ ပူးပေါင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားသွားခဲ့သည်။

Source: Ajazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။