ဆူဒန်နိုင်ငံ ကော်ဒိုဖန်တောင်ပိုင်းတွင် စစ်ရာဇဝတ်မှုမြောက်သော ဖြစ်ရပ်များဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း ပေါက်ကြားထွက်ပေါ်လာ သော ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်တွင်ဖေါ်ပြထားသည်။ အစီရင်ခံစာတွင် ဆူဒန်တောင်ပိုင်းတပ်များနှင့် မြောက်ပိုင်းတပ် များသည် အရပ်သားများကို ပစ်မှတ်ထားသတ်ဖြတ်လျက်ရှိကြောင်း၊ သို့သော် မြောက်ဆူဒန် ခါတိုအမ်အစိုးရက ပိုမို၍ ဆိုးဆိုးဝါး ဝါး ကျူးလွန်ကြောင်း ဖေါ်ပြထားသည်။
ဆူဒန်တောင်ပိုင်းက သီးခြားနိုင်ငံတစ်နိုင်ငံအဖြစ်ခွဲထွက်ခဲ့ပြီး တောင်မြောက် နှစ်နိုင်ငံနယ်စပ်တွင် ရေနံမြေရှိသည်။ ယင်းကို အကြောင်းပြု၍ နှစ်နိုင်ငံတိုက်ခိုက်လာကြသည်မှာ ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် တောင်ပိုင်းဆူဒန်ခွဲထွက်လာပြီးကတည်းက လပေါင်းအတန်ကြာပြီဖြစ်သည်။
စစ်ပွဲကြောင့် လူပေါင်း ၇၀,၀၀၀ ခန့်ရွှေ့ပြောင်းခဲ့ရသည်။
နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှနေ၍ အယ်လ်ဂျာဇီယာသတင်းထောက် ခရစ္စတန်ဆာလွန်းမေး က သတင်းပေးပို့ထား သည်။
Source: Al Jazeera




















7:57 PM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment