Monday, July 11, 2011

ဆိုက်ပရက်စ် ပေါက်ကွဲမှု အသေအပျောက်ရှိ




 ဆိုက်ပရက်တောင်ပိုင်း အမှိုက်ပုံတစ်ခုအတွင်းရှိ လက်နက်ခဲယမ်းများ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ၁၁ယောက် သေဆုံးခဲ့ကြောင်း ပြည်နယ် ရုပ်မြင်သံကြား သတင်းဌာနမှ သတင်းပေးပို့ခဲ့သည်။

တနလာင်္နေ့ မနက်ပိုင်း အချိန်တွင်လည်း ရေတပ်ဌာနချုပ် အနီး အခြားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ယမ်းသေတ္တာပေါင်း ၉၈ခု လောက်ရှိပြီး ထိုပေါက်ကွဲမှု နှစ်ခုလုံးကြောင့် မီးလောင်မှုများ  ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အား ကိုးကားဖော်ပြခဲ့သည်။

နီကိုးရှာမြို့  တွင် အခြေချ နေထိုင်သော ဂရိ အမျိုးသား ရုပ်မြင်သံကြား သတင်းထောက် တစ်ဦးဖြစ်သော ကော့စ်တပ်ယမ်းနရစ်စ်က အယ်လ်ဂျာဇီးယားသို့ " ကြီးမားတဲ့ ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပြီး မီးသတ်ကားတွေ အခင်းဖြစ်ပွားတဲ့ နေရာမှာ ပြေးလွှားနေတာကို တွေ့ခဲ့ရပါတယ်" ဟု ပြောကြားသွားခဲ့သည်။

၎င်းနောက် သူက "အခင်းဖြစ်ပွားတဲ့ နေရာကို ရဲတွေ ၀န်းရံပြီး စောင့်ကြပ် နေပါတယ်။ ဒါပေမယ့် ပေါက်ကွဲပြီးတဲ့ နေရာက ထွက်လာတဲ့ အစအန အကျိုးအပဲ့တွေ ကတော့ နေရာအတော်အများထိ ကူးစပ်ပြန့်နှံ့သွားခဲ့ပါတယ်။" ဟူ၍ ပြောကြားသွားခဲ့ပြီး၊ ပြည်နယ် ရုပ်မြင်သံကြားမှ ပြောကြားချက်အရ ၄င်းအစအနများသည် ဘေးနားတွင် ကပ်လျက်ရှိနေသည့် မြေရိုင်းများပေါ်သို့  ကျသွားခဲ့ပြီး တောမီးလောင်မှုများပါ ဖြစ်ပွားခဲ့ကြောင်း ပြောကြားသွားခဲ့သည်။ "အကျိုးအပဲ့တွေဟာ အဲဒီနေရာ တလျောက် ပြန့်ကျဲနေပါတယ်။ ပြီးတော့ လမ်းတွေဟာလည်း လိမ်ကောက်သွားခဲ့ပါတယ်" ဟု ပြည်နယ် အသံလွှင့်ဌာနမှ အပျက်အစီးများကို ပုံဖော်သွားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ ကာကွယ်ရေးဝန်ကြီး အလီကီ စတိုင်လီနာအူက "သေဆုံးမှုစာရင်းကို ချက်ချင်း အတည်ပြုလို့ မရသေးပါဘူး" ဟု ပြောကြားသွားခဲ့သည်။ "အနည်းဆုံး လူ၁၁ယောက် သေဆုံးပြီး ၅၀လောက် အပြင်းအထန် ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်ကြောင်း" ပြည်နယ် သတင်းဌာနမှ ဖော်ပြခဲ့သည်။

သေဆုံးသူများစာရင်းတွင် မီးသတ်သမား ၅ယောက်၊ အမျိုးသား စောင့်ရှောက်ရေး ၀န်ထမ်း ၂ဦးနှင့် သဘောင်္သား ၂ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။


0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။