Sunday, July 17, 2011
တစ်ယောက်စီးရဟတ်ယာဉ်ငယ်ဖြင့် ကမ္ဘာပတ်ရန်ကြိုးစားနေသူ
၂၀၀၃ ခုနှစ်အတွင်းက ကင်ဆာရောဂါဝေဒနာခံစားခဲ့ရသော အိုင်းရစ်လူမျိုး နော်မန်ဆာပလပ်သည် ကင်ဆာရောဂါပျောက်ကင်း ခဲ့ပြီး သူ့ကဲ့သို့သော ကင်ဆာဝေဒနာရှင်များအနေနှင့် ကင်ဆာရောဂါမှလွတ်မြောက်နိုင်သည်ဟူသော မျှော်လင့်ချက်ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် Gyrocopter ခေါ် တစ်ယောက်စီးရဟတ်ယာဉ်ငယ်ဖြင့် ကမ္ဘာတစ်ပတ်ပျံသန်းပြရန် ကြိုးစားလျက်ရှိသည်။
ရောဂါခံစားနေရစဉ် ဆေးရုံပေါ်၌ရှိစဉ်အခါက ရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင် ယင်းရဟတ်ယာဉ်အကြောင်းကို ကြည့်ဖြစ်ခဲ့ရာမှ စိတ်ကူးရခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ယခုအခါဖိလစ်ပိုင်တွင် သောင်တင်လျက်ရှိပြီး ရှေ့ခရီးစဉ်ကိုဆက်လက်ပျံသန်းထွက်ခွါနိုင်ရန် ခွင့်ပြုချက်စောင့်ဆိုင်းလျက်ရှိသည်။ အကယ်၍ ခရီးစဉ်အဆုံးအထိပျံသန်းပြနိုင်လျှင် ယင်းသို့တစ်ယောက်စီးရဟတ်ယာဉ်ငယ်ဖြင့် ကမ္ဘာပတ်သော ပထမဦးဆုံးသောသူ အဖြစ်မှတ်တမ်းဝင်နိုင်မည်ဖြစ်သည်။
Gyrocopter ရဟတ်ယာဉ်ငယ်သည် တစ်နာရီ ကီလိုမီတာ ၁၆၀ မှာ အမြန်ဆုံးနှုန်းဖြစ်ပြီး အမြင့်ပေ ၁၂,၀၀၀ အထိပျံသန်း နိုင်သည်။ လောင်စာဆီအသုံးပြုမှုမှာ သာမန်ရဟတ်ယာဉ် တစ်စင်းဆီစားနှုန်း၏ သုံးပုံတစ်ပုံခန့်သာစားသည်။
Source: Al Jazeera
0 comments:
Post a Comment