Friday, July 22, 2011

ကာတာက လစ်ဗျားအတိုက်အခံများကို လက်နက်ကူညီ



လစ်ဗျားအတိုက်အခံများသို့ ကာတာက ဆေးဝါးပစ္စည်းများအပါအဝင် အခြားအကူအညီပစ္စည်းများ တန် ၂၀၀ ခန့်ပေးပို့ခဲ့ပြီးဖြစ် သည်။ လစ်ဗျားသို့သွားမည့် ကွန်ပျူတာများ၊ ပရင်တာများ၊ ဆန်၊ နို့၊ သကြားစသည်ဖြင့် တင်ဆောင်ထားသော ကုန်တင်လေယာဉ်ပေါ်ကို အယ်လ်ဂျာဇီယာသတင်းထောက်များအား ကာတာလေကြောင်းလိုင်းမှ ပြသခဲ့သည်။ လေယာဉ်ပေါ်တွင် စစ်ရဲများ၊ ထောက်လှမ်းရေးများ အချို့ရှိနေကြသည်။ ထို့ပြင် သစ်သားသေတ္တာများတင်ဆောင်ထားသော ထရပ်ကားလေးစီးရှိပြီး “ခဲယမ်းမီးကျောက်များ” ဟု အထင်အရှားပင်စာတန်းရေးထိုးထားသည်။
ယင်းလက်နက်ခဲယမ်းများမှာ ကာတာတပ်များအသုံးပြုရန် သို့မဟုတ် လစ်ဗျားသူပုန်များသို့ပေးအပ်ရန် ဖြစ်သည်ဟူသော အချက်ကို အယ်လ်ဂျာဇီယာမှ မသိရပေ။ သို့သော် ထရပ်များကို မောင်းနှင်ထွက်ခွါသွားသော ယာဉ်မောင်းများက သူတို့သည် မကြာသေးမီကမှ လစ်ဗျား အတိုက်အခံတပ်အတွင်းဝင်ရောက်ခဲ့သည်ဟု ပြောခဲ့သည်။

အယ်လ်ဂျာဇီယာသတင်းထောက် ရိုဆီဂါ့သ်ဝိတ်က ဘင်ဂါဇီလေယာဉ်ကွင်းမှ သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။