![]() |
နာဇီဝါဒီလက်သစ်များ |
ခေတ်သစ်နာဇီဝါဒီများ လာရောက်အရိုအသေပေးရာနေရာတစ်ခုဖြစ်သော ဟစ်တလာ၏ အနီးကပ်လုပ်ဖေါ်ကိုင်ဖက်ဖြစ်ခဲ့သော ရူးဒေါ့ဟက်ဇ်ဂူသဂြို င်္င်းကို ဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။
ဗုဒ္ဓဟူးနေ့အစောပိုင်းက ဂျာမဏီတောင်ပိုင်း ဝူဆီဒယ်မြို့ရှိ သဂြိ င်္ုင်းမှ ဟက်ဇ်၏ကြွင်းကျန်ရစ်သော အရိုးများကို တူးဖေါ်ထုတ်ခဲ့ သည်။ ထို့နောက် အရိုးများကို မီးရှို့ကာ ပင်လယ်တွင်းမျှောချပစ်လိုက်တော့မည်ဖြစ်သည်။
သူသေဆုံးပြီးနောက်ပိုင်း ၂၄ နှစ်အထိ သူ့သဂြို င်္င်းသည်လက်ယာစွန်းရောက်များပုံမှန်လာရောက်ကာ ဆန္ဒပြအရိုအသေပြုကြ သော နေရာတစ်ခုဖြစ်ခဲ့သည်။ ယခုနှစ်တွင် ဘုရားကျောင်းဝင်းအတွင်းရှိ သူ့သဂြိုင်္င်းမြေမှာ သက်တမ်းကုန်ဆုံးသွားပြီး ဘုရားကျောင်း ကလည်းဆက်လက်ငှားရမ်းရန် ငြင်းဆန်ခဲ့သည်။
ထို့နောက် ဟက်ဇ်၏ မိသားစုများက ကန့်ကွက်ခဲ့သော်လည်း နောက်ပိုင်းတွင်ဖယ်ရှားရန် သဘောတူညီခဲ့သည်။ ဂျာမန်ဂျူးများကလည်း ထိုကိစ္စကိုကြိုဆိုခဲ့ကြပြီး ဂူသဂြို င်္င်းကို ဖျက်ဆီးရန် သွားရောက်ခဲ့ကြသည်။
“ဝူဆီဒယ်မှာရှိတဲ့ တစ္ဆေညိုကြီး နောက်ဆုံးတော့ အဆုံးသတ်သွားပြီဖြစ်တဲ့အတွက် ကျွန်တော် အင်မတန်ဝမ်းမြောက် မိပါတယ်။” ဟု ရှလော့တီနိုဘလော့ခ်ျက ပြောသည်။ အညိုရောင်ဆိုသည်မှာ ဂျာမဏီတွင် နာဇီပါတီ၏ အရောင်ကိုဆိုလိုခြင်း ဖြစ်သည်။
၁၉၄၁ တွင် ဗြိတိန်နှင့် ငြိမ်းချမ်းရေးယူရန် စကော့တလန်သို့သွားစဉ်တွင် ဟက်ဇ်ကိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားသောအခါ သူ့ကိုစစ်ရာဇဝတ်မှုဖြင့် စစ်ဆေးပြီး ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့သည်။ သူ့ကို စပန်ဒူးအကျဉ်းထောင်တွင် ဖမ်းဆီးထားခဲ့ပြီး ၁၉၈၇ ခုနှစ်၊ အသက် ၉၃ နှစ်တွင် သူ့ကိုယ်သူသတ်သေခဲ့သည်။ သူ့ကိုမိဘများနှင့် အတူ ဝူဆီဒယ်သဂြို င်္င်းတွင် မြှပ်နှံပေးရန် ဟက်ဇ်ကတောင်းဆိုထားခဲ့သည်။
၁၉၄၄ တွင် ဟစ်တလာကို လုပ်ကြံမှုမအောင်မြင်ခြင်းကြောင့် သေဆုံးသွားသော သူရဲကောင်းများ၏ နှစ်ပတ်လည်အထိမ်း အမှတ်အဖြစ် ဗုဒ္ဓဟူးနေ့ကဂျာမဏီတစ်ဝှမ်း အခမ်းအနားများ ကျင်းပခဲ့ကြသည်။
လုပ်ကြံရန်ကြိုးပမ်းမှုတွင် ခေါင်းဆောင်သူ ကာနယ်ကလော့စ်ဂရက်ချန့်ဗွန်စတောက်ဖန်ဘာ့ဂ် နှင့်အခြားသုံးဦးတို့၏ အုတ်ဂူများ တွင် ဂျာမဏီပါလီမန်ဥက္ကဋ္ဌ က လွမ်းသူ့ပန်းခွေချခဲ့သည်။ သူတို့သည် ဟစ်တလာကို လက်ဆွဲအိတ်ဗုံးဖြင့်ခွဲကာ လုပ်ကြံသတ် ဖြတ်ရန်ကြိုးစားခဲ့သူများဖြစ်ပြီး မအောင်မြင်ပဲ ၁၉၄၄ ဇူလိုင် ၂၀ တွင် အသတ်ခံခဲ့ရသူများဖြစ်သည်။
Source: Al Jazeera
0 comments:
Post a Comment