Saturday, September 1, 2012

အမေရိကန်-အစ္စရေးလ်စစ်ရေးပူးပေါင်းလေ့ကျင့်မှု အချိန်ရွှေ့ဆိုင်း

အမေရိကန်-အစ္စရေးလ် တိုက်ချင်းပစ်ဒုံးပျံပူးတွဲလေ့ကျင့်ရေးအစီအစဉ် တစ်ရပ်ကို ယခုနှစ်နှောင်းပိုင်းအထိရွှေ့ဆိုင်း လိုက်ပြီး စီစဉ်ထားသည့် အမေရိကန်စစ်သားအရေအတွက်ထက်လည်း လျှော့ချသွားမည်ဖြစ်ကြောင်း အမေရိကန် ပင်တာဂွန်စစ်ဌာနက အတည်ပြုပြောကြားလိုက်သည်။ သို့သော် ယင်းသို့အစီအစဉ်ရွှေ့ဆိုင်းလိုက်ခြင်းနှင့် စစ်သားဦးရေလျှော့ချလိုက်ခြင်းမှာ အစ္စရေးလ်အပေါ် ယုံကြည်မှု မရှိခြင်းကြောင့်ဖြစ်သည်ဟူသော ပြောဆိုချက်များမှာ မမှန်ကန်ကြောင်း သောကြာနေ့က အမေရိကန်က ငြင်းဆိုခဲ့ သည်။ ထို့ပြင် အီရန်၏ နျူကလီးယားခြိမ်းခြောက်မှုကို အစ္စရေးလ်ဝန်ကြီးချုပ်နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘာရက်တို့က တစ်ကိုယ်တော်ကြိတ်ဝါဒဖြင့် မိမိတို့တစ်နိုင်ငံတည်းအနေနှင့် တိုက်ခိုက်ချေမှုန်းသွားမည်ဟူ...

Monday, August 13, 2012

အီရန် ငလျင် လူ ၂၀၀ ကျော်သေဆုံး

အီရန်အနောက်တောင်ပိုင်း တက်ဘရစ်ဇ်မြို့အနီးတွင်စနေနေ့က အင်အားပြင်းငလျင်နှစ်ခုလှုပ်ခဲ့ရာ အနည်းဆုံး ၂၂၇ ဦးသေဆုံးခဲ့ပြီး ၂ ၀၀၀ ခန့်ဒဏ်ရာရရှိခဲ့သည်။ အဆောက်အဦ အပျက်အစီးများအတွင်းပိတ်မိနေသော လူများအားလုံးကို ရှာဖွေကယ်ဆယ်ပြီးဖြစ်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောကြား လိုက်သည်။ `အပျက်အစီးတွေကြား ပိတ်မိနေတဲ့လူတွေအားလုံးကို ကယ်ထုတ်ပြီးဖြစ်ပါတယ်။ အရေးပေါ် လိုအပ်တဲ့ အကူအညီပစ္စည်းတွေကို ဝေငှနေပါတယ်။` ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အရေးပေါ်ကိစ္စစီမံခန့် ခွဲရေးဌာန တာဝန်ရှိသူ ဟို့စ်နီဂါဒါမီက ပြောကြားခဲ့သည်။ ငလျင်ဒဏ်ခံခဲ့ရသော လူများအတွက် ရေနှင့် ယာယီတဲများပေးဝေရေးလုပ်ဆောင်လျှက်ရှိပြီး ငလျင်လှုပ် ခတ်ပြီး နောက်ပိုင်း...

အီဂျစ်သမ္မတ စစ်တပ်ထိပ်တန်းများကို ရာထူးမှ အနားပေး

ဟူစိန်တန်တာဝီ၊ မော်စီ နှင့် အာနန် (ဝဲမှယာ) အီဂျစ်ကာကွယ်ရေးဝန်ကြီးစစ်ဦးစီးချုပ် ဟူစိန်တန်တာဝီအပါအဝင် အခြားစစ်ဘက်ဆိုင်ရာထိပ်တန်း ခေါင်းဆောင်များကို သမ္မတမိုဟာမက်မော်စီ၏ အမိန့်ဖြင့်အနားပေးလိုက်ပြီဖြစ်သည်။ ထို့နောက် စစ်တပ်မှ ပြင်ဆင်ပြဋ္ဌာန်းထားသော သမ္မတ၏လုပ်ပိုင်ခွင့်အာဏာများကို ကန့်သတ်ထားသည့် ဥပဒေများကို ဖျက်သိမ်းလိုက်သည်။ စစ်ဦးစီးချုပ် တန်တာဝီကို စစ်တပ်မှ အနားပေးလိုက်ပြီး သမ္မတအကြံပေးအဖြစ်ခန့်အပ်လိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် တရားဝင်ကြေငြာခဲ့လေသည်။ တန်တာဝီ၏ နေရာတွင် အဘ္ဘဒယ်-ဖာတာ-အယ်ဆက်စီကို စစ်ဦးစီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးအဖြစ်ရာထူးပေးအပ်မည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံသတင်းမှ ထုတ်လွှင့်ကြေငြာခဲ့သည်။ ဒုတိယကာကွယ်ရေးဦးစီးချုပ်...

Thursday, August 9, 2012

မွတ်စလင်ဂိုဏ်းခေါင်းဆောင်လေးဦးကို ရုရှတွင် တရားစွဲ

ရုရှနိုင်ငံ တာတာစတန်ဒေသတွင် ကလေးသူငယ်များအား ရက်ရက်စက်စက် မြေအောက်ခန်းတွင်းထည့် သွင်းထားခြင်းကြောင့် လူ့အဖွဲ့အစည်းမှ သွေဖယ်နေသော မွတ်စလင်ဘာသာရေးအဖွဲ့အစည်းတစ်ခုမှ အဖွဲ့ဝင်လေးဦးကို တရားစွဲဆို ထားလေသည်။ ယင်းအဖွဲ့ကိုတည်ထောင်သူ ခေါင်းဆောင်၏ နေအိမ်အောက်ဘက်တွင် မြေအောက်ခန်းတူးကာ မြေအောက် သဂြိုင်္င်းသဖွယ် ဖွဲ့ထားသောအခန်းများအတွင်း ကလေးငယ် ၂၇ ဦး၊ လူကြီး ၃၈ ဦးတို့နေထိုင် လျှက်ရှိကြောင်း ရဲများကတွေ့ရှိခဲ့လေသည်။ ကလေးငယ်များကို ယင်းမြေတိုက်ခန်းများအတွင်း မည်မျှကြာ အောင် ထားရှိခဲ့သည်ကိုမူ မသိရသေးပေ။ တည်ထောင်သူမှာ အသက် ၈၃ နှစ်ရှိ ဖိုင်ဇရာခ်မန်းဆတာရော့ဗ် ဖြစ်ပြီး သူ့ကိုယ်သူ မွတ်စလင်ပရောဖက် ဖြစ်ကြောင်း ဆိုသည်။ ထင်ရာမြင်ရာဆုံးဖြတ်ပြောဆိုမှု၊ အဆင်အခြင်နည်းမှု...

Wednesday, August 8, 2012

အကြမ်းဖက်သမားများကို အီဂျစ်လေကြောင်းမှ တိုက်ခိုက်

အီဂျစ်ရဲစခန်းကို တိုက်ခိုက်ခဲ့သော အကြမ်းဖက်သမားများ ရှိသည့်အစ္စရေးလ်နှင့် နယ်စပ် ဆိုင်းနိုင်းဒေသကို အီဂျစ်စစ်တပ်မှ လေကြောင်း ဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် အယောက် ၂၀ ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် အာရမ်သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။ လွန်ခဲ့သောတနင်္ဂနွေနေ့က ရှိတ်ခ်ဇူးအိဒ်မြို့ ရဲစခန်းကို သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ နယ်စပ် စောင့်တပ်သား ၁၆ ဦးသေဆုံးခဲ့ရသည့် နောက်ပိုင်း စစ်တပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သေနတ်သမားများမှာမူ မည်သူမည်ဝါ၊ မည်သည့်အဖွဲ့အစည်းမှ ဖြစ်ကြောင်း မသိရှိရသေးပေ။ ဂါဇာကမ်းမြှောင်ဒေသမှ ၁၀ ကီလိုမီတာခန့်အကွာတွင်ရှိသော ရှိတ်ဇူးအိဒ်မြို့မှ မျက်မြင်သက်သေများက တိုက်လေယာဉ်နှစ်စင်းကို...

Monday, August 6, 2012

အင်္ဂါဂြိုလ်ပေါ်သို့ နာဆာစူးစမ်းရေးယာဉ် ဆင်းသက်တော့မည်

အင်္ဂါဂြိုလ်ပေါ်တွင် တစ်ချိန်တုန်းက သက်ရှိများရှင်သန်နေထိုင်ခဲ့ဖူးသည်ဟူသော အယူအဆကို မှန်၊ မမှန် ရှာဖွေဖေါ်ထုတ်ရန်နှင့် အင်္ဂါဂြိုလ်နှင့် ပတ်သက်၍ လူသားများအမျိုးမျိုးအဖုံဖုံစဉ်းစားနေသော ပဟေဋ္ဌိများ ကို ဖြေရှင်းနိုင်ရန် အမေရိကန်အာသာသသိပ္ပံဌာန နာဆာမှ စေလွှတ်လိုက်သော လူမဲ့ အာကာသစူးစမ်း ရေးယာဉ် ကျူရီယိုစီးတီး အင်္ဂါဂြိုလ်၏ မျက်နှာပြင်သို့ဆင်းသက်ရန် နာရီပိုင်းမျှသာ လိုတော့သည်ဖြစ်ရာ လူအများစိတ်လှုပ်ရှားလျှက်ရှိနေကြသည်။ ဒေါ်လာ ၂.၅ ဘီလီယံအကုန်အကျခံတည်ဆောက်ပြီး စေလွှတ်လိုက်သော စူးစမ်းရေးယာဉ်သည် မော်တော်ကားတစ်စင်း အရွယ်မျှရှိပြီး အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ်သို့ တနင်္လာနေ့ ဂရင်းနစ်စံတော်ချိန် ၀၅း၃၁ နာရီ (အမေရိကန်အနောက်ဘက်ကမ်းခြေဒေသစံတော်ချိန် ၁၀း၃၁ ) တွင် ဆိုက်ရောက်မည်ဖြစ်...

Friday, August 3, 2012

မြောက်ကိုရီးယား ရေကြီးမှု အစားအစာအကူအညီလိုအပ်

မြောက်ကိုရီးယားတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် လူပေါင်း ၂၀ ခန့်သေဆုံးပြီး လယ်ယာ မြေအမြောက်အများရေမြုပ်နေခြင်းကြောင့် အရေးပေါ်အကူအညီလိုအပ်လျှက်ရှိကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်သည်။ ရေကြီးမှုကြောင့် အိုးအိမ်များ၊ အဆောက်အဦများ၊ လမ်းတံတားများ၊ လယ်ယာမြေများပျက်စီးခဲ့ရပြီး ပြောင်း၊ ပဲ၊ စပါးခင်းများလည်း ပျက်စီးခဲ့ကြောင်း ကြာသပတေးနေ့က ကုလသမဂ္ဂက ပြောသည်။ ပြုံဂန်းပြည်နယ် တောင်ပိုင်းနှင့် အန်ဂျူမြို့၊ ကန်းဝန်ပြည်နယ်ရှိ ချုံနေးစီရင်စု များတွင် အထိအနာဆုံးဖြစ် ပြီး ယင်းဒေသများတွင် စားရေရိက္ခာအကူအညီများအရေးတကြီးလိုအပ်နေကြောင်း ဆိုသည်။ အန်ဂျူမြို့တွင် အိမ်ထောင်စု ၃၆ ၀၀၀ ခန့် သောက်သုံးရေသန့်လိုအပ်နေကြောင်း၊ ရေလျှံတက်ခြင်းကြောင့် အိမ်သာတွင်းများ၊...

ဆီးရီးယားငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန် နှုတ်ထွက်တော့မည်

ကုလ-အာရပ်အဖွဲ့ချုပ်မှ ဦးဆောင်စေလွှတ်ထားသော ဆီးရီးယားငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန် ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း ကုလသမ္မဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်က ကြေငြာလိုက်သည်။ ဆီးရီးယားတွင် အကြမ်းဖက်မှုများဖြစ်ပွားနေသည်မှာ ၁၇ လတာကြာမြင့်ခဲ့ပြီဖြစ်ပြီး ထိန်းသိမ်း၍ မရနိုင်သေးပေ။ ကိုဖီအာနန်ကို ဖေဖေါ်ရီလ ၂၃ ရက်နေ့က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ်တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး ဘန်ကီမွန်က ကိုဖီအာနန်နှုတ်ထွက်သွားသည့်အတွက် အလွန်အမင်းဝမ်းနည်းကြောင်းလည်း ကြာသပတေးနေ့က ပြောကြားခဲ့ သည်။ အစောပိုင်းကတည်းက ကိုဖီအာနန်က ၂၀၁၂ သြဂုတ်လ ၃၁ ရက်နေ့တွင် မိမိအားခန့်အပ်ထားသော ကိုယ်စားလှယ်တာဝန်သက်တမ်းကုန်ဆုံးချိန်တွင် ထပ်မံသက်တမ်းတိုးမြှင့်ပေးခြင်း မပြုလုပ်ရန်...

Tuesday, July 31, 2012

အိုဘားမား နဲ့ ရွမ်းနေ ဘယ်သူက ပိုညစ်ပတ်သလဲ (ဆောင်းပါး)

အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲကျင်းပဖို့ သုံးလ ပတ်ဝန်းကျင်မျှသာ လိုပါတော့တယ်။ ဒီအချိန်မှာ သမ္မတလောင်းတွေ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ပြည်နယ် ၁၂ ခုမှာတော့ မဲဆွယ်၊ မဲချူတဲ့ ကြေငြာတွေက ခါတိုင်းနဲ့ မတူပဲ တစ်ယောက်အကြောင်း၊ တစ်ယောက် အပုတ်ချတဲ့ ကိစ္စတွေသာပြည့်နှက်နေပါတယ်။ ကြော်ငြာတွေက သမ္မလောင်းနှစ်ဦး တစ်ယောက်ရဲ့ အပုတ်တစ်ယောက်ဖေါ်၊ တစ်ယောက်ရဲ့ အနာတစ်ယောက်ဆွ နေကြတဲ့ အကြောင်းတွေကို သူတို့ရဲ့နောက်ပါ မဲဆွယ်စည်းရုံးရေး အဖွဲ့တွေနဲ့ ထောက်ခံသူတွေက ပိုက်ဆံပေးပြီး ကြော်ငြာနေကြခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီကြေငြာတွေနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင်လူထုကြား စစ်တမ်းကောက်ကြည့်လိုက်တော့ တီဗွီမှာ နေ့စဉ်နဲ့ အမျှ ဒီလိုအတင်းအဖျင်း ကြေငြာတွေချည်းထိုင်ကြည့်နေရတာ ငြီးငွေ့နေပြီဖြစ်တဲ့...

မာလီတွင်လက်မထပ်သော စုံတွဲကို လူပုံလယ် ခဲဖြင့် ပေါက်သတ်

မာလီနိုင်ငံတွင် အစ္စလာမ်အစွန်းရောက်များသိမ်းပိုက်ထားသော တောင်ပိုင်းအက်ဂယ်ဟော့မြို့၌ လက်မထပ်ဘဲ အတူနေသော စုံတွဲတစ်တွဲကို လူ ၂၀၀ ခန့်ရှေ့တွင် မသေမချင်းခဲဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူ များက ပြောကြားခဲ့သည်။ အဆိုပါအဖြစ်အပျက်သည် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ပြီး တောင်ပိုင်းဒေသကို ရှာရီယာတို့ သိမ်းပိုက်ပြီးနောက်ပိုင်း ပထမဦးဆုံးကြားသိရသည့် သတ်ဖြတ်မှုဖြစ်သည်။ `ကျွန်တော် အဲဒီနေရာမှာ ရှိနေခဲ့ပါတယ်။ အစွန်းရောက်တွေက အဲဒီစုံတွဲကို အက်ဂယ်ဟော့မြို့လည်ကို ခေါ်ဆောင်လာပြီး တွင်းနှစ်တွင်းထဲမှာ ထည့်ထားပြီးတော့ ခဲနဲ့ပေါက်သတ်ခဲ့ပါတယ်။` ဟု အမည်မဖေါ်လိုသူ အစိုးရ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ `ခဲလုံးတစ်လုံး၊ နှစ်လုံးလောက်ထိမှန်အပြီးမှာ အမျိုးသမီးက မေ့လဲသွားပါတယ်။...

Tuesday, July 24, 2012

ဆီးရီးယားက နိုင်ငံခြားမှ ကျူးကျော်စစ်ပြုလာလျှင် ဓါတုလက်နက်သုံးစွဲခုခံမည်ဟု ပြောကြား

ဆီးရီးယားက ဓါတုလက်နှင့် ဇီဝလက်နက်များကို ဆီးရီးယားသူပုန်များအားတိုက်ခိုက်ရာတွင် အသုံးပြုမည်မဟုတ် ကြောင်း သို့သော် နိုင်ငံခြားတိုင်းပြည်များက ကျူးကျော်လာလျှင်မူ ယင်းတို့ကို အသုံးပြုတိုက်ခိုက်သွားမည်ဟု ပြောကြားလိုက်သည်။ တနင်္လာနေ့က ဒမတ်စကတ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျီဟက်မက်ဒီစီက အဆိုပါလက်နက်များကို ဆီးရီးယားအနေနှင့် မိမိနိုင်ငံကိုမိမိကာကွယ်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းစစ်ပွဲတွင်မူ အသုံးပြုမည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။ `ဆီးရီးယားအာရပ်သမ္မတနိုင်ငံတော်က ပိုင်ဆိုင်တဲ့ အစုလိုက်အပြုံလိုက်သေကြေစေတဲ့လက်နက်တွေ၊ တားမြစ်လက်နက်တွေကို ဆီးရီးယားပြည်သူတွေအပေါ်၊ ဆီးရီးယားယား ပြည်တွင်းစစ်အတွင်း...

Monday, July 23, 2012

အမေရိကန် ရွေးကောက်ပွဲများ ပိုက်ဆံသာ အဓိကဖြစ်နေပြီလား (ဆောင်းပါး)

အမေရိကန်နိုင်ငံတစ်ဝှမ်း အခုလတ်တလောကြည့်လိုက်မယ်ဆိုရင် သူတို့အခေါ်အရ `လေကြောင်းတိုက်ပွဲ` စတင်နေပါပြီ။ ရီပတ်ဘလီကန်တွေနဲ့ ဒီမိုကရက်တွေ တီဗွီလိုင်းတွေမှာ အပြိုင်အဆိုင်ကြေငြာနေကြပါပြီ။ သူတို့ပါတီ ရဲ့ဝါဒတွေ၊ သူတို့ပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အပြိုင်အဆိုင်ပွဲထုတ်နေကြပါ ပြီ။ ပြည်နယ် ၃၈ ခုရှိတဲ့ အထဲမှာ ဘယ်သူတွေကဘယ်ပြည်နယ်မှာ အနိုင်ရမလဲဆိုတာ အခုကတည်းက ကျိန်းသေပေါက် ခင်ဗျားပြောလို့ရနေပြီ။ တက္ကဆက်၊ အယ်လ်ဘားမား၊ မစ္စစ္စပီ .. ဒီပြည်နယ်တွေက ရီပတ်ဘလီကင် ဘက်ကို ပါမယ်။ နယူးယောက်နဲ့ ကယ်လီဖိုးနီးယားက မိရိုးဖလာ ဒီမိုကရက်တွေ။ ဒါကြောင့် အိုဟိုင်းအိုး၊ ဗာဂျီးနီးယား၊ ဖလော်ရီဒါ၊ နီဗားဒါး တို့လို ပြည်နယ် ၁၁ ခု၊ ၁၂ လောက်မှာပဲ ရွေးကောက်ပွဲအတွက်...

အီရတ်တွင် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွား

အီရတ်နိုင်ငံတွင် ဗုံးခွဲတိုက်ခိုက်မှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများ ဒုတိယမြောက်နေ့အဖြစ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မည်သည့်အဖွဲ့အစည်းမှန်းမသိရသည့် သေနတ်သေများများက စစ်တပ်အခြေစိုက်စခန်းများကိုတိုက်ခိုက်ခြင်း၊ ကားဗုံးခွဲခြင်းများ မြို့တော်ဘဂ္ဂဒက်နှင့် ကယ်ကွတ်မြို့တွင် ပြုလုပ်ခဲ့ကြသည်။ တနင်္လာနေ့နံနက်ပိုင်းတွင် တိုက်ခိုက်မှုပေါင်း ၁၇ ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၀ သေဆုံးကာ ၁၃၁ ဦးဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။ ဆာလာဒင်ပြည်နယ်ရှိ စစ်စခန်းတစ်ခုကို သေနတ်သမားများက တိုက်ခိုက်ခဲသဖြင့် အီရတ်စစ်သား ၇ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်။ သို့သော်နောက်ပိုင်းတွင် သေဆုံးသူ စစ်သား ၁၅ ဦးအထိရှိကြောင်း စစ်တပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါစစ်စခန်းသည် ဘဂ္ဂဒက်မြို့...

တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် မိုးကြီးရေလျှံ

တရုတ်တွင် နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးဆုံးမိုးကြီးရေလျှံမှုဖြစ်ပွားပြီး ဘေဂျင်းမြို့တော်တွင် အနည်းဆုံး ၃၇ ဦး သေဆုံး၊ ၇ ဦးပျောက်ဆုံးလျှက်ရှိသည်။ စနေနေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဟောင်းနွမ်းအိုမင်းနေသော ရေလွှတ်၊ ရေထုတ်စံနစ်များကြောင့် ရေလျှံရ ခြင်း၊ သက်ဆိုင်ရာက သတိပေးချက်ထုတ်ပြန်ပေးရန် ပျက်ကွက်ခဲ့ခြင်းများကြောင့် တနင်္လာနေ့က တရုတ်နိုင်ငံတွင် လူပေါင်း ၉ သန်းခန့်အသုံးပြုနေသော ဆီနာဝိုင်ဘို မိုက်ခရိုဘလော့တွင် မကျေမနပ်ရေးသားဖေါ်ပြကြလေသည်။ `တကယ်လို့ ရေလွှတ်၊ ရေထုတ်စံနစ်တွေသာ ကျောင်းမွန်ခဲ့မယ် ဆိုရင်၊ သက်ဆိုင်ရာကသာ အချိန်မီသတိ ပေးချက်တွေ ထုတ်ပြန်ခဲ့မယ် ဆိုရင်၊ လူတွေကို အိမ်ထဲမှာသာ နေကြဖို့ သတိပေးခဲ့မယ် ဆိုရင် ဒီလောက်သေဆုံး မှုတွေ ဖြစ်မှာမဟုတ်ဘူး။`...

Wednesday, July 18, 2012

မြောက်ကိုရီးယား ကင်ဂျုံအန် စစ်ဦးချုပ်ရာထူးရယူ

မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအန်ကို စစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း မြောက်ကိုရီးယားသတင်းဌာနက ဗုဒ္ဓဟူးနေ့က အထူးသတင်းတွင် ကြေငြာလိုက်သည်။ မြောက်ကိုရီးယား ထိပ်ပိုင်းအစိုးအတွင်း ရာထူးအပြောင်းအလဲများပြုလုပ်ပြီး နောက်ပိုင်းကင်ဂျုံအန်ကို ရာထူးတိုးပေး လိုက်ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူကင်ဂျုံအီသေဆုံးပြီးနောက် အရိုက်အရာကို ပိုင်ပိုင်နိုင်နိုင်ဆက်ခံနိုင်ခဲ့သည့် အနေအထားဖြစ်ကြောင်း ပြင်ပလေ့လာသုံးသပ်သူများက ဆိုသည်။ ယခင်စစ်တပ်အကြီးအကဲ ကျန်းမာရေးကြောင့် အနားယူသွားခဲ့ပြီးနောက်တစ်နေ့ အင်္ဂါနေ့တွင် ဒုတိယစစ်ဦးချုပ် အသစ်တစ်ယောက်ကို ရာထူးခန့်အပ်ခဲ့သည်။ ဒုတိယစစ်ဦးစီးချုပ်အဖြစ် ဟွန်ယောင်ချိုလ်ကို အာဏာရပါတီ၏ ဗဟိုစစ်ကော်မရှင်နှင့် ကာကွယ်ရေးကော်မရှင်...
Page 1 of 17012345Next

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။